DVB Logo
Home
နိုင်ငံတကာ
ဆမ်ဆောင်းက Apple ထက် လက်ဦးမှုယူပြီး အပါးဆုံး Flagship ဖုန်း မိတ်ဆက်
DVB
·
May 13, 2025
ဆမ်ဆောင်းက Apple ထက် လက်ဦးမှုယူပြီး အပါးဆုံး Flagship ဖုန်း မိတ်ဆက်
Donate to DVB

ဆမ်ဆောင်းကုမ္ပဏီဟာ  မေ ၁၃ ရက်နေ့မှာ သူ့ flagship ပင်မဖုန်းတွေထဲမှာ အပါးလွှာဆုံးဖြစ်တဲ့ Galaxy S25 Edge ကို မိတ်ဆက်လိုက်ပါတယ်။

Apple က ပါးလွှာတဲ့ iPhone 17 Air ထုတ်မယ်လို့ သတင်းထွက်နေချိန်မှာပဲ ဆမ်ဆောင်းက လက်ဦးမှုယူလိုက်တာ ဖြစ်ပါတယ်။

၁,၀၉၉ ဒေါ်လာကစတဲ့ ဒီဖုန်းဟာ မျက်နှာ ၆ ဒသမ ၇ လက်မရှိပြီး အထူကတော့ ၅ ဒသမ ၈ မီလီမီတာပဲ ရှိပါတယ်။

S25 ဟာ အထူ ၇ ဒသမ ၂ မီလီမီတာ၊ S25 Plus က ၇ ဒသမ ၃ မီလီမီတာ၊ S25 Ultra က ၈ ဒသမ ၂ မီလီမီတာ ရှိတာနဲ့ ယှဉ်ကြည့်ရင် တော်တော်ပါးတယ်လို့ ပြောလို့ရပါတယ်။

ပါးသွားပေမဲ့ စွမ်းဆောင်ရည်လည်း မကျသလို အပူလွန်ကဲမှုလည်း မဖြစ်အောင် ဖန်တီးထားတယ်လို့ ဆမ်ဆောင်းဘက်က ကြော်ငြာထားပါတယ်။

ဒါပေမဲ့ ဘက်ထရီက 3900 mAh ပဲ ပါဝင်မှာဖြစ်တဲ့အတွက် တခြား ပင်မဖုန်းတွေထက် ဘက်ထရီကြာရှည်ခံမှုမှာတော့ အားနည်းနိုင်ပါတယ်။

ဆမ်ဆောင်းဟာ ၂၀၂၅ ပထမသုံးလပတ်မှာ ကမ္ဘာ့စမတ်ဖုန်းစျေးကွက် ၂၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ကမ္ဘာ့နံပါတ်တစ်နေရာ ပြန်ယူထားပါတယ်။ Apple က ၁၉ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

S25 Edge ကို တောင်ကိုရီးယားမှာ မေ ၂၃ ရက်နေ့ စရောင်းမှာဖြစ်ပြီး မေ ၃၀ မှာမှ အမေရိကန်မှာ ရောင်းမှာဖြစ်ပါတယ်။

နောက်ပိုင်းမှာ တရုတ်နဲ့ ဥရောပ အပါအဝင် နိုင်ငံ ၃၀ လောက်မှာ ဖြန့်ချိမယ်လို့လည်း သိရပါတယ်။

တခြား S25 စီးရီးဖုန်းတွေလိုပဲ AI နည်းပညာ အဆင့်မြှင့်ထားတဲ့ S25 Edge ဟာ ပေါ့ပါးပေမဲ့ စွမ်းဆောင်ရည်လည်း အမြင့်ဆုံးဆိုတာမျိုး သုံးချင်တဲ့ အသက် ၂၀ နဲ့ ၃၀ ကျော်တွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013