
တရုတ်ဒုတိယဝန်ကြီးချုပ် ဟော့လိဖှုန်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲဟာ ပွင့်လင်း နက်ရှိုင်းပြီး အပြုသဘောဆောင်တယ်လို့ မေ ၁၁ ရက်က ပြောလိုက်ပါတယ်။
ဟော့လိဖှုန်းက “ဆွေးနွေးပွဲဟာ သိသိသာသာ တိုးတက်အောင်မြင်ခဲ့ပြီး အရေးကြီးတဲ့ သဘောတူညီချက်ကို ရခဲ့ပါတယ်” လို့ ဆွေးနွေးပွဲအပြီး ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့ သဘောတူညီချက် ရခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန် ဂရေယာတို့က ပြောပါတယ်။
တရုတ်အရာရှိတွေနဲ့ အဆင့်မြင့်ဆွေးနွေးပွဲမှာ သိသာတဲ့ တိုးတက်မှုပဲလို့ သူတို့က ပြောပေမဲ့ ဂျနီဗာမြို့မှာ နှစ်ရက်ကြာ စေ့စပ်ဆွေးနွေးမှုရဲ့ အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။
ဒေါ်နယ်ထရမ့်ပ်က အမေရိကန်သမ္မတ ဒုတိယအကြိမ် ဖြစ်လာပြီးတဲ့နောက် ကမ္ဘာ့အခွန်အကောက်အစီအစဉ်ကို စတင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ရင်ဆိုင်နေရတဲ့ ဖန်တနောဆေး အကျပ်အတည်းအတွက် အမျိုးသား အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
ဖေဖော်ဝါရီလမှာတော့ တရုတ်ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်း အသစ် စည်းကြပ်ပြီးတဲ့နောက် အခုတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှု ဖြစ်ပါတယ်။
ထရမ့်ပ်က ဧပြီလမှာ တရုတ်သွင်းကုန်တွေအပေါ် ၃၄ ရာခိုင်နှုန်း အပြန်အလှန် အခွန်ကောက်ပြီး နောက်ဆက်တွဲ အခွန်နှုန်းထား တိုးတာတွေကြောင့် နောက်ဆုံးမှာ ထပ်ဆောင်းခွန်က ရာဂဏန်း ရာခိုင်နှုန်းထိ ရောက်သွားခဲ့တဲ့အတွက် နှစ်ဖက်ကုန်သွယ်မှုမှာလည်း ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ရပ်တန့်သွားခဲ့ပါတယ်။
Source: Reuters