
မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ပရီးမီးယာလိဂ်မှာ ခြေစွမ်းတိုးတက်လာမှု မရှိဘူးဆိုရင် အသင်းကနေ ထွက်ခွာရလိမ့်မယ်လို့ နည်းပြ ရူဘင်အာမိုရင်က ပြောလိုက်ပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ၃၆ ပွဲကစားအပြီးမှာ ၁၇ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ရတာပါ။
အသင်းရဲ့ ရလဒ်ပိုင်းက ကစားသမားတွေရဲ့ အမှားမဟုတ်ဘဲ မိမိနဲ့သာ သက်ဆိုင်ပြီး ခြေစွမ်းတိုးတက်လာမှု မရှိရင် မိမိတို့ရဲ့နေရာကို တခြားသူတွေကို ပေးသွားရမှာဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
လက်ကျန် ၂ ပွဲအလိုမှာ အဆင့် ၁၆ ရောက်ရှိသွားတဲ့အပေါ် မန်ယူအသင်းလို အစဉ်အလာရှိ အသင်းတသင်းရဲ့ နည်းပြတယောက်အနေနဲ့ အလွန်စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်းလည်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားဖို့ရှိပေမဲ့ အဲဒီပွဲစဉ်ကို အာရုံမထားဘဲ ဝက်စ်ဟမ်းနဲ့ပွဲကို အာရုံစိုက် ကစားစေခဲ့တာလို့ နည်းပြအာမိုရင်က ပြောသွားပါတယ်။