Home
နိုင်ငံတကာ
ဆိုဗီယက်ခေတ်က အာကာသယာဉ် ကမ္ဘာပေါ်ကို ကျရောက်ခဲ့ပြီဟု ဥရောပအာကာသအေဂျင်စီ ဆို
DVB
·
May 11, 2025
Photo : ESA

ကမ္ဘာပေါ်ကို အထိန်းအချုပ်မဲ့ ကျရောက်လာမယ်လို့ ခန့်မှန်းထားတဲ့ အာကာသယာဉ်ကို ထောက်လှမ်းမရတော့တာကြောင့် ကျရောက်ပြီးသွားပြီဖြစ်မယ်လို့ ဥရောပ အာကာသအေဂျင်စီ (ESA)က ဆိုပါတယ်။

ဆိုဗီယက်ခေတ် ၁၉၇၂ ခုနှစ်က ဗီးနပ်စ်ဂြိုဟ်ဆီကို သွားရောက်ဖို့လွှတ်တင်ခဲ့တဲ့ Kosmos 482 အာကာသယာဉ်ဟာ လွှတ်တင်တာမအောင်မြင်ဘဲ ကမ္ဘာပတ်လမ်းကြောင်းမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ ရှိနေခဲ့တာပါ။

ယာဉ်ရဲ့ အစိတ်အပိုင်းတခုဟာ ဒီရက်ပိုင်းမှာ ကမ္ဘာပေါ်ကို အထိန်းအချုပ်မဲ့ ပြန်လည် ကျရောက်လာနိုင်တာကို ပညာရှင်တွေကသိရှိခဲ့လို့ စောင့်ကြည့်နေကြပြီး ပြန်လည်ကျရောက်မယ်လို့ တွက်ထားကြတဲ့ ဂျာမနီနိုင်ငံပေါ်က ရေဒါစနစ်တွေက မတ် ၁၀ ရက် CEST(ဥရောပအလယ်ပိုင်း နွေရာသီစံတော်ချိန်)မနက် ၉ နာရီ ၃၂ မိနစ်မှာ မတွေ့တော့တာကြောင့် အဲဒီမတိုင်ခင် UTC (ကမ္ဘာ့)စံတော်ချိန် မနက် ၆ နာရီ ၄ မိနစ်နဲ့ ၇ နာရီ ၃၂ မိနစ်ကြားမှာ ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာတာဖြစ်မယ်လို့ ESA က ဆိုပါတယ်။

ဥရောပ အာကာသအေဂျင်စီရဲ့ အာကာသအပျက်အစီးဆိုင်ရာရုံးကလည်း ဂျာမနီ ရေဒါစခန်းတခုပေါ်မှာ ယာဉ်ကို မတွေ့ရတော့တဲ့နောက် လေထုထဲကို ပြန်ဝင်သွားပြီလို့ ဖော်ပြကြောင်း The Guardian သတင်းက ဆိုပါတယ်။

ဘယ်နေရာမှာကျရောက်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘဲ ပုံမှန်အားဖြင့်တော့ ကမ္ဘာ့လေထုထဲကိုကျလာတဲ့ အရာဝတ္ထုတွေဟာ ပွတ်တိုက်အားကြောင့် မီးလောင် ပျက်စီးသွားလေ့ရှိကြပါတယ်။

ဒါပေမယ့် နေအဖွဲ့အစည်းထဲမှာအပူဆုံးဖြစ်တဲ့ ဗီးနပ်စ်ဂြိုဟ်မှာ ဆင်းသက်နိုင်အောင် တည်ဆောက်ထားတဲ့ အဲဒီအာကာသယာဉ်ဟာ အကုန်လုံးမီးလောင်မသွားနိုင်ဘူးလို့လည်း ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024