မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် အကူအညီပေးနိုင်ဖို့အတွက် ရန်ပုံငွေရှာပွဲနဲ့ မြန်မာ့နှစ်သစ်ကူး စာနာမှုသင်္ကြန်ပွဲတော်ကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့မှာ ဒေသအချိန် မေ ၁၀ ရက် ညနေပိုင်းက ကျင်းပပါတယ်။
ဒီပွဲမှာ မြန်မာ့ရိုးရာ သင်္ကြန်တေးသီချင်းတွေနဲ့ သီဆိုကပြဖျော်ဖြေပေးခဲ့ကြသလို အလှူရှင်တွေ ကလည်း သင်္ကြန်ထမင်းဟင်း စားသောက်ဖွယ်ရာတွေ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
ဒီပွဲကို ကနေဒါရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ အလှမယ် ဟန်လေးတို့အပြင် ကနေဒါလွှတ်တော်အမတ်တွေလည်း ပါဝင်တက်ရောက်အားပေးခဲ့ ကြပါတယ်။
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံ အပါအဝင် အမှတ်တရပစ္စည်းတွေကိုလည်း လေလံတင်ရောင်းချခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို ငလျင်ဘေးအတွက်လိုအပ်တဲ့နေရာတွေကို ထည့်ဝင်လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။