DVB Logo
Home
အားကစား
လီဗာပူးတိုက်စစ်မှူး နူညက်ဇ်ကို ခေါ်ယူရန် နာပိုလီအသင်း ကြိုးပမ်း
DVB
·
May 11, 2025
လီဗာပူးတိုက်စစ်မှူး နူညက်ဇ်ကို ခေါ်ယူရန် နာပိုလီအသင်း ကြိုးပမ်း
Donate to DVB

နာပိုလီအသင်းဟာ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းလာပါတယ်။

အသက် ၂၅ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပေမဲ့ ပွဲစဉ်အများစုကို အရန်ကစားသမားအနေနဲ့သာ ကစားခဲ့ရတာကြောင့် ပွဲထွက်ရဖို့အတွက် အသင်းပြောင်းဖို့ရှိနေတာပါ။

စီးရီးအေကလပ် နာပိုလီအသင်းဟာ  နည်းပြကွန်တီရဲ့လက်အောက်မှာ စွမ်းဆောင်ရည် ကောင်းမွန်နေပြီး စီးရီးအေလက်ကျန် ၃ ပွဲအလိုမှာ ဒုတိယနေရာကအင်တာမီလန်ကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။ 

နူညက်ဇ်ဟာ ၂၀၂၂ ခုနှစ်က ပေါ်တူဂီကလပ် ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး လီဗာပူးနဲ့ ပရီးမီးယားလိဂ် ၉၂ ပွဲမှာ ၂၅ ဂိုးသွင်းထားပါတယ်။

နာပိုလီအသင်းဟာ နူညက်ဇ်အပြင် မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013