
One Championship ဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာဟာ ထိုင်းပြိုင်ဘက် ဂျုနီယာကို မေလ ၉ ရက် သောကြာညပွဲစဉ် ဒုတိယအချီမှာ အလဲထိုး အနိုင်ရခဲ့ပါတယ်။
ဘရော်နီကာဟာ One Championship နဲ့စာချုပ်ချုပ်ပြီးနောက် ပထမဆုံးပွဲမှာ ချီလီဖိုက်တာ ဗီရာကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
မနေ့ညက ပွဲစဉ်ဟာ ဘရော်နီကာရဲ့ ONE Championship ဒုတိယမြောက်ပွဲစဥ်ဖြစ်ပါတယ်။ အခုအနိုင်ရတဲ့ပွဲအတွက် အများကြီးကြိုးစားပြင်ဆင်ခဲ့ပြီး ကြိုးစားမှုရလဒ်အတိုင်းဖြစ်တဲ့အတွက် ပရိသတ်တွေကျေနပ်ကြမယ်လို့မျှော်လင့်ကြောင်းနဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းဘရော်နီကာက ပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) က ပေးအပ်တဲ့ ၂ဝ၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။