DVB Logo
Home
အားကစား
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ထိုင်းမွေထိုင်းမယ်ကို အမှတ်ဖြင့် ရှုံးနိမ့်
DVB
·
February 26, 2024
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ထိုင်းမွေထိုင်းမယ်ကို အမှတ်ဖြင့် ရှုံးနိမ့်
Donate to DVB

ထိုင်းနိုင်ငံ၊ ခိုလမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်ညက  ယဉ်ပြိုင်ထိုးသတ်ခဲ့တဲ့  Thai Fight:King Of Muay Thai မွေထိုင်းလက်ဝှေ့ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ‌ထိုင်းနာမည်ကြီး လက်ဝှေ့မယ် ဖာဆိုင်းကို အသားစီးထိုးသတ်နိုင်ခဲ့ပေမယ့် အမှတ်နဲ့ ရှုံးနိမ့်သွားပါတယ်။

ဘရော်နီကာဟာ ပြိုင်ဘက်ထိုင်းလက်ဝှေ့မယ်ကို  ၃ ချီလုံး အသာစီးရအောင် ထိုးသတ်နိုင်ခဲ့ပေမယ့် သရေကျခဲ့တာကြောင့် ဒိုင်အဆုံးအဖြတ်ခံယူရာမှာ ထိုင်းလက်ဝှေ့မယ်က အမှတ်နဲ့ အနိုင်ရရခဲ့ပါတယ်။

ဒိုင်အဆုံးအဖြတ်ကြောင့် အခုပွဲ ရှုံးနိမ့်ခဲ့တဲ့ ဘရော်နီကာဟာ ၁၇ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တဲ့ စံချိန် ရပ်တန့်သွားခဲ့ရပါတယ်။

ကယန်းကျားသစ်မယ် ဘရော်နီကာက “အားလုံး တောင်းပန်ပါတယ်၊ ဒီတပွဲ အရမ်းပင်ပန်းခဲ့တယ်၊ နိုင်ပွဲ ဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး” လို့ ပွဲအပြီးမှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

ဘရော်နီကာနဲ့ ထိုးသတ်ခဲ့တဲ့အသက် ၂၉ နှစ်အရွယ် ဖာဆိုင်းဟာ ၅၆ ပွဲ ထိုးသတ်ခဲ့ပြီး ၃၉ ပွဲအနိုင်၊ ၂‌ ပွဲသရေ၊ ၁၅ ပွဲ ရှုံးထားတဲ့ ထိုင်းနာမည်ရ လက်ဝှေ့မယ် ဖြစ်ပါတယ်။

ဘရော်နီကာက မွေ့ထိုင်းပြိုင်ပွဲ ၁၉ ပွဲ ထိုးသတ်ထားရာ ၁၇ ပွဲ အနိုင်ရရှိထားပြီး  ထိုင်းဖိုက် မွေ့ထိုင်းချန်ပီယံခါးပတ်နဲ့ ထိုင်းဘုရင့်ဖလားပွဲမှာ ချန်ပီယံဆု ရရှိထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013