DVB Logo
Home
နိုင်ငံတကာ
အစ္စရေးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူသီတပ်ဖွဲ့ ပြော
DVB
·
May 9, 2025
အစ္စရေးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူသီတပ်ဖွဲ့ ပြော
Donate to DVB

ဟူသီတပ်ဖွဲ့က အစ္စရေးကို ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ယီမင်က ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက မေ ၇ ရက်မှာ ပြောပါတယ်။

ယီမင်မှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာရင် ယီမင်က ဟူသီတွေကလည်း အမေရိကန်ကို တိုက်ခိုက်မှုလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယာယျာဆာရီးက ပြောပါတယ်။

“ယီမင်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေး ၂ ခုကို ဆောင်ရွက်ခဲ့တယ်။ ပထမဆုံး တိုက်ခိုက်မှုမှာ ဒရုန်း ၂ စင်းကို သုံးပြီး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း တောင်ပိုင်း အူမ် အယ်လ်-ရက်ရှ်ရက်ရှ် ဧရိယာရှိ ဇီယွန်ဝါဒီရန်သူရဲ့ ရာမွန်လေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တခုကတော့ ယက်ဖာဒရုန်းကို အသုံးပြုပြီး သိမ်းပိုက်ခံထားရတဲ့ ယက်ဖာဒေသရှိ ဇီယွန်ဝါဒီရန်သူရဲ့ အဓိကပစ်မှတ်ကို တိုက်ခိုက်ခဲ့တာ။”

ယီမင်စစ်တပ်ရဲ့ ရေတပ်နဲ့ ဒရုန်းတပ်ဖွဲ့တွေဟာ အမေရိကန် လေယာဉ်တင်သင်္ဘော ထရူးမန်းနဲ့ ပင်လယ်နီမြောက်ပိုင်းရှိ စစ်သင်္ဘောအများအပြားကို ပစ်မှတ်ထားပြီး ပဲ့ထိန်းဒုံးကျည်တစင်း၊ ဒရုန်းအများအပြားနဲ့ ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရန်သူက ယီမင်နိုင်ငံတော်အပေါ် ရန်လိုတိုက်ခိုက်မှု ရပ်ဆိုင်းကြောင်း မကြေညာခင်မှာ ဒီစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာလို့လည်း ယာယျာဆာရီးက ပြောပါတယ်။

ယီမင်နိုင်ငံကို ပြန်ရန်စလာရင်လည်း ယီမင်စစ်တပ်ဟာ အမေရိကန်ရန်သူကို ပြင်းပြင်းထန်ထန် အထိနာအောင် ထိုးနှက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်းလည်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယီမင်ရှိ အီရန်မဟာမိတ် ဟူသီသူပုန်တွေကို ဗုံးကြဲတိုက်ခိုက်တာ ရပ်တန့်တော့မယ်လို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး ဟူသီအဖွဲ့ကလည်း အမေရိကန်သင်္ဘောတွေကို တိုက်ခိုက်တာကို ရပ်တန့်ဖို့ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့တာပါ။

ထရမ့်ပ်က ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ အိုမန်ဟာ အမေရိကန်ရေယာဉ်တွေအပေါ် တိုက်ခိုက်တာကို ရပ်တန့်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြားဝင်ဖျန်ဖြေ ဆောင်ရွက်ခဲ့တယ်လို့ အိုမန်က ပြောပါတယ်။

ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီ ဦးဆောင်တဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိရှိ ခုခံနိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်တဲ့ ဟူသီတွေနဲ့ အမေရိကန်အကြား တင်းမာမှုတွေ လျော့ပါးသွားပေမဲ့ ဒီအပစ်ရပ် သဘောတူညီချက်ဟာ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ တခြားသင်္ဘောတွေနဲ့ ပစ်မှတ်တွေအပေါ် တိုက်ခိုက်တာကိုတော့ တားမြစ်ထားခြင်း မရှိပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013