DVB Logo
Home
နိုင်ငံတကာ
iPhone ပြုလုပ်သည့် ထိုင်ဝမ်ကုမ္ပဏီက မစ်ဆူဘီရှီအတွက် EV ကား ထုတ်ပေးရန် စီစဉ်
DVB
·
May 8, 2025
iPhone ပြုလုပ်သည့် ထိုင်ဝမ်ကုမ္ပဏီက မစ်ဆူဘီရှီအတွက် EV ကား ထုတ်ပေးရန် စီစဉ်
Donate to DVB

iPhone တွေပြုလုပ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ Foxconn ဟာ ဂျပန်ကားကုမ္ပဏီ မစ်ဆူဘီရှီမော်တာအတွက် EV ကားတွေ ထုတ်လုပ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာထားပါတယ်။

သသောတူထားတဲ့ မူအရ Foxconn ဟာ မစ်ဆူဘီရှီအတွက် ထိုင်ဝမ်မှာ ကားဒီဇိုင်းနဲ့ တည်ဆောက်မှုကို ပူးတွဲလုပ်ဆောင်မယ်လို့ ပါရှိပါတယ်။

Foxconn က ပြောကြားချက်အရ လာမယ့်နှစ်အကုန်မှာ မော်ဒယ်သစ်တခု ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း သိရပါတယ်။

ဒါဟာ Foxconn အတွက် ဖွံ့ဖြိုးပြီး ယှဉ်ပြိုင်မှုမြင့်မားတဲ့ EV လုပ်ငန်းမှာ ပထမဆုံး ပါဝင်လာတာ ဖြစ်ပါတယ်။

မစ်ဆူဘီရှီဟာ EV ထုတ်လုပ်မယ်ဆိုရင် အဓိက တရုတ်ပြိုင်ဘက်တွေနဲ့ အရှေ့တောင်အာရှ၊ တောင်အမေရိကနဲ့ ဥရောပတို့မှာ ဈေးကွက်ယှဉ်ရမှာ ဖြစ်ပါတယ်။

မစ်ဆူဘီရှီအတွက် ကားတွေကို ထိုင်ဝမ်ကားထုတ်လုပ်တဲ့ Yulon Motor နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Foxton မှာ တပ်ဆင်ရမှာပါ။

လက်ရှိကားထုတ်လုပ်မှုနဲ့ ပတ်သက်မှုက သဘောတူညီမှုအဆင့်ပဲရှိပြီး တရားဝင် သဘောတူညီချက်မျိုးတော့ မရှိသေးပါဘူး။

ကားထုတ်လုပ်မှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေဟာ နောက်ဆုံးသဘောတူညီချက်ရဖို့ ဆွေးနွေးမှုတွေ ပြုလုပ်သွားရမယ်လို့တော့ ဆိုပါတယ်။

Foxconn ဟာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Foxconn ကားထုတ်လုပ်တဲ့ လုပ်ငန်းကို ဝင်ရောက်ဖို့ ဂျပန်ကားကုမ္ပဏီ Nissan ကို ဝယ်ယူပြီး ပူးတွဲထုတ်လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မစ်ဆူဘီရှီမော်တာဟာ Nissan နဲ့ ပြင်သစ်ကားကုမ္ပဏီ Renault တို့နဲ့ အငယ်တန်းပါတနာ ဖြစ်ပါတယ်။

မကြာသေးမီ နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံရဲ့ ကားထုတ်လုပ်မှု တိုးတက်လာပြီး EV ဈေးကွက်မှာ တရုတ်က ဒုတိယနေရာရောက်လာလို့ တရုတ်အခြေစိုက်ကုမ္ပဏီတွေ ကားထုတ်လုပ်မှုဘက်ကို အာရုံစိုက်လာပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာမှာရှိတဲ့ ကားကုမ္ပဏီတွေဟာ တရုတ်နိုင်ငံရဲ့ BYD ကို ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013