DVB Logo
Home
နိုင်ငံတကာ
တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်ကြီးစိုးမှုကို ဖက်ဆစ်နှင့် ခိုင်းနှိုင်း
DVB
·
May 8, 2025
တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်ကြီးစိုးမှုကို ဖက်ဆစ်နှင့် ခိုင်းနှိုင်း
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့   မြို့တော်မော်စကိုကို မေ ၇ ရက်က ရောက်ရှိလာပါတယ်။

ရှီကျင့်ဖျင်ဟာ မေ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲလည်း ကျင်းပမှာဖြစ်သလို ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ အခမ်းအနားတွေ တက်ရောက်မှာဖြစ်ပါတယ်။

ရုရှားဆီကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံး ဝယ်ယူနေတဲ့ တရုတ်ဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ ရုရှားအတွက် စီးပွားရေးအသက်သွေးကြောလည်း ဖြစ်ပါတယ်။

တရုတ်သမ္မတ မော်စကို မရောက်မီမှာ ရုရှားနဲ့ တရုတ်မီဒီယာတွေမှာ သူရေးတဲ့ ဆောင်းပါးတစောင် ဖော်ပြခဲ့ပါတယ်။

“တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စု အပါအဝင် ကမ္ဘာကြီးရဲ့ တရားမျှတတဲ့ တပ်ပေါင်းစုတွေ  ရင်ပေါင်တန်းပြီးတော့ မောက်မာထောင်လွှားတဲ့ ဖက်စစ်တပ်တွေကို ရဲရဲရင့်ရင့် နှိမ်နင်းခဲ့ကြပါတယ်” လို့ ရှီက ရေးပါတယ်။

“နောင်အနှစ် ၈၀ အကြာမှာတော့ တဖက်သတ်ဝါဒ၊ ကြီးစိုးမှုနဲ့ ဗိုလ်ကျအနိုင်ကျင့်မှုဟာ အင်မတန်ထိခိုက်လောက်စရာ ဖြစ်လာပြန်ပါတယ်။ လူသားမျိုးနွယ်အတွက် နောက်တခါ ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွကို ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်ပါတယ်” လို့ အမေရိကန်ကို တိုက်ရိုက်မရည်ညွှန်းဘဲ ရှီက ရေးသားခဲ့ပါတယ်။

နာဇီ ဂျာမနီတွေ လုပ်ခဲ့သလို စစ်ပွဲမျိုး ဥရောပက ရုရှားနဲ့ဆင်နွှဲဖို့ ပြင်ဆင်နေချိန်မှာ တရုတ်-ရုရှား ထိပ်သီးဆွေးနွေးပွဲဟာ ဒုတိယကမ္ဘာစစ်ရလဒ်ကို ပြန်ပြင်ရေးဖို့ ကြိုးစားအားထုတ်မှုတွေကို အပြင်းအထန် သတိပေးလိုက်တာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

မေ ၉ ရက်နေ့ ရင်ပြင်နီမှာ ကျင်းပမယ့် ဆိုဗီယက်ပြည်ထောင်စုရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်သမ္မတဟာ ဘရာဇီး၊ ဆားဘီးယားနဲ့ ဆလိုဗက်ကီးယား သမ္မတတွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။

ယူကရိန်းက ရုရှားကို လူမဲ့လေယာဉ်တွေနဲ့ တောက်လျှောက်တိုက်ခိုက်နေတာကြောင့် အောင်ပွဲအခမ်းအနား ပြင်ဆင်ရေးမှာ နှောင့်နှေးမှုတွေ ရှိနေပြီး မော်စကိုက လေဆိပ်တွေကို နာရီနဲ့ချီ ပိတ်ထားခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013