
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ တာတိုပစ်ဒုံးကျည် အများအပြားကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က မေ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဝန်းဆန်းကနေ ဒေသစံတော်ချိန် မနက် ၈ နာရီ ၁၀ မိနစ်မှာ ပစ်လွှတ်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို မျှဝေဖို့အတွက် အမေရိကန်နဲ့ ဂျပန်တို့ကို နီးနီးကပ်ကပ် ဆက်သွယ်နေကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တားမြစ်ပိတ်ပင်ထားပေမဲ့ လတ်တလောနှစ်တွေ အတွင်းမှာပဲ ပြုံယမ်းဟာ အကွာအဝေးအားလုံး ပစ်နိုင်တဲ့ ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်နိုင်ရေးအတွက် ရှေ့တိုးလုပ်ဆောင်လာခဲ့ပါတယ်။
Source: Reuters