DVB Logo
Home
အားကစား
ပြင်သစ်လိဂ် အကောင်းဆုံးဆုစာရင်းတွင် မပါဝင်သည့်အပေါ်  ဂရင်းဝုဒ် တုံ့ပြန်
DVB
·
May 8, 2025
ပြင်သစ်လိဂ် အကောင်းဆုံးဆုစာရင်းတွင် မပါဝင်သည့်အပေါ်  ဂရင်းဝုဒ် တုံ့ပြန်
Donate to DVB

ပြင်သစ်လိဂ် တနှစ်တာအကောင်းဆုံးဆု ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တဲ့အပေါ် မာဆေး တိုက်စစ်ကစားသမား ဂရင်းဝုဒ်က တုံ့ပြန်သွားပါတယ်။

အင်္ဂလန်တိုက်စစ်ကစားသမားဟာ မာဆေးအတွက် လီဂူးဝမ်းသွင်းဂိုး ၁၈ ဂိုး သွင်းယူထားပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီပြီးရင် ဂိုးအများဆုံးသွင်းထားပေမဲ့ အကောင်းဆုံး ဆန်ခါတင်စာရင်းမှာတောင် ပါဝင်လာခြင်း မရှိခဲ့တာပါ။

ဒါဟာ စိတ်ပျက်စရာမရှိဘဲ မာဆေးအသင်း ဥရောပချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးတဲ့ အပေါ်မှာပဲ အာရုံရှိကြောင်း ဂရင်းဝုဒ်က ပြောပါတယ်။

မာဆေးအသင်းဟာ လက်ကျန် ၂ ပွဲအလိုမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေပေမဲ့ လက်ကျန် ၂ ပွဲစလုံး အနိုင်ရမှသာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာမှာ ဖြစ်ပါတယ်။

ပြင်သစ်လိဂ် တနှစ်တာ အကောင်းဆုံးကစားသမားစာရင်းမှာ ဒမ်ဘီလီ အပါအဝင် ချန်ပီယံ ပီအက်စ်ဂျီက ကစားသမား ၄ ယောက်အထိ ပါဝင်ပြီး တခြားအသင်းက ကစားသမားအဖြစ် လိုင်ယွန်က ချာကီတယောက်သာ ပါဝင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013