
ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ အာဆင်နယ်အသင်းက နှစ်ကျော့စလုံးမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ပီအက်စ်ဂျီကို ပထမအကျော့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို ဒုတိယအကျော့ အဝေးကွင်းမှာလည်း ၂ ဂိုး ၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာပါ။
နှစ်ကျော့စလုံးကို ပြန်ကြည့်မယ်ဆိုရင် ပထမအကျော့ မိနစ် ၂၀ လောက်ကလွဲရင် ကျန်အချိန်တွေမှာ အာဆင်နယ်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး နှစ်ကျော့စလုံးမှာ ပီအက်စ်ဂျီဂိုးသမား အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာက သက်သေဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ချန်ပီယံလိဂ်မှာ ဂိုးဧရိယာအတွင်း အဖြစ်အပျက်တွေက အဆုံးအဖြတ်ဖြစ်ပြီး နှစ်ကျော့စလုံးမှာ အသင်းရဲ့စွမ်းဆောင်ရည်က ဂုဏ်ယူစရာဖြစ်ခဲ့ပေမဲ့ အဆုံးသတ်မှာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပေါ်မှာတော့ ဝမ်းနည်းစိတ်ပျက်မိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။