DVB Logo
Home
အားကစား
အင်တာနှင့် ဘာစီလိုနာပွဲကို အကြိတ်အနယ်အရှိဆုံး ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်အဖြစ် ချီးကျူး
DVB
·
May 7, 2025
အင်တာနှင့် ဘာစီလိုနာပွဲကို အကြိတ်အနယ်အရှိဆုံး ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်အဖြစ် ချီးကျူး
Donate to DVB

အင်တာမီလန်က ဘာစီလိုနာကို ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ အခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ကို သမိုင်းတယောက် အကြိတ်အနယ်အရှိဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သတ်မှတ်ချီးကျူးနေကြ ပါတယ်။

ပထမအကျော့ကတည်းက ၃ ဂိုး စီ သရေကျခဲ့တဲ့ ဒီနှစ်သင်းဟာ ဒုတိယအကျော့ ဆန်စီရိုကွင်း မှာလည်း သူတပြန်၊ ကိုယ်တပြန်ဦးဆောင်ဂိုးသွင်းခဲ့ကြပေမဲ့ ပွဲအပြီးမှာ ၃ ဂိုး စီ သရေရလဒ်ထပ်မံ ထွက်ပေါ်ခဲ့တာပါ။

အချိန်ပိုမိနစ် ၃၀ ဆက်လက်ကစားခဲ့ရမှာ အင်တာမီလန်ကွင်းလယ်လူ ဖရက်တီဆီက အနိုင်ဂိုးသွင်းခဲ့လို့ ၄ ဂိုး ၃ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင့်ရလဒ် ၇ ဂိုး ၆ ဂိုးအထိ ဂိုးအရေအတွက် များခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ အခမ်းနားဆုံးပွဲကောင်း တပွဲဖြစ် အောင်ကစားသွားတဲ့ နှစ်သင်းစလုံးကို ကျေးဇူးတင်ကြောင်းပြောခဲ့သလို တခြား ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေကလည်း အကောင်းဆုံးဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သတ်မှတ် ချီးကျူးကြပါတယ်။

Photo: Reuters.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013