
မြန်မာနိုင်ငံနဲ့ နယ်စပ်၊ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲမှာ ရူပီးငွေ ကု ဋေ ၃၀ ကျော် တန်ကြေးရှိတဲ့ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြားတွေကို ဖမ်းမိခဲ့တဲ့အကြောင်း The Telegraph India သတင်းမှာ မေ ၆ ရက်က ဖော်ပြပါတယ်။
မီဇိုရမ်ရဲတပ်ဖွဲ့က ချန်ဖိုင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်းက ကင်းလှည့်နေချိန် ဗန်ဇောင်ကျေးရွာအနီးမှာ မသင်္ကာဖွယ်ယာဉ်တစီးကို ရပ်တန့်ရှာဖွေချိန်မှာ ခုလိုဖမ်းမိခဲ့ တာဖြစ်ပြီးတော့ ကားပေါ် ဝှက်သယ်ဆောင်လာတဲ့ အလေးချိန် ၂၃၆ ကီလိုဂရမ်ရှိတဲ့ ဆေးပြား ၂ သိန်းကို တွေ့ရှိခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့သူ ၂ ယောက်ကိုတော့ အသက် ၃၀ အရွယ် လယ်လ်တန်ပွီ ရာနဲ့ အသက် ၂၇ နှစ်အရွယ် ဗန်ရိုပွီးတို့ဖြစ်တယ်လို့ သတင်းမှာဖော်ပြပြီး သူတို့ဟာ ချန် ဖိုင်ဒေသခံတွေဖြစ်ကာ အဆိုပါ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံဘက်ကနေ မှောင်ခို တင်သွင်းလာတယ်လို့ သံသယရှိနေကြောင်းလည်း သူက ဆိုပါတယ်။
လတ်တလောမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
Source : The Telegraph India