
အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ညိုဟာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အသက် ၃၃ နှစ်ရှိ ဂျော်ဂျင်ညိုဟာ အခုနှစ် ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်က သက်တမ်းတိုးမှာ မဟုတ်တော့ဘဲ သူ့နေရာမှာ ဆိုစီဒက်အသင်းက ဇူဘီမန်ဒီနဲ့ အစားထိုးဖို့ ပြင်ဆင်ထားတာပါ။
ဖလာမင်ဂိုအသင်းဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတည်းက ဂျော်ဂျင်ညိုကို ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းလာခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ နောက်ဆုံးအဆင့် ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အီတလီ လက်ရွေးစင်ကစားသမားဟာ ၂၀၂၃ ခုနှစ်က ချဲလ်ဆီးကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၇၈ ပွဲ ကစားထားပါတယ်။