DVB Logo
Home
နိုင်ငံတကာ
အမေရိကန်မဟုတ်သည့် ရုပ်ရှင်များကို အခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ထရမ့်ပ် ပြော
DVB
·
May 5, 2025
အမေရိကန်မဟုတ်သည့် ရုပ်ရှင်များကို အခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်မဟုတ်တဲ့ ရုပ်ရှင်တွေကို ပြည်ပသွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်ရုပ်ရှင်လုပ်ငန်းဟာ အလျင်အမြန် ကျဆုံးနေတာကြောင့် အမေရိကန် ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးက အခွန်ကောက်မှုကို စမယ်လို့ ထရမ့်ပ်က ပြောခဲ့တာပါ။

တခြားတိုင်းပြည်တွေက ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ စတူဒီယိုတွေကို မက်လုံးပေးကမ်းလှမ်းဖို့ ကြိုးစားမှုတွေကို ထရမ့်ပ်က အပြစ်တင်ခဲ့ပြီး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုလို့ ဖော်ပြခဲ့ပါတယ်။

ပြည်ပရုပ်ရှင်တွေမှာ ဝါဒဖြန့်တာတွေ၊ မက်ဆေ့ချ်ပေးတာတွေ စတဲ့အချက်တွေ ပါဝင်တယ်လို့ ထရမ့်ပ်က ပြောထားပြီး “We Want Movie Made in America, Again” ဆိုပြီး Truth ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝစ်လူနစ်က ပြည်ပရုပ်ရှင်တွေကို အခွန်ကောက်မယ့်ကိစ္စ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အခွန်ကောက်ခံမယ့်ပုံစံကို ရှင်းရှင်းလင်းလင်း ပြောထားတာမျိုး မရှိပါဘူး။

ထရမ့်ပ်ရဲ့ ဖော်ပြချက်ထဲမှာလည်း ပြည်ပရုပ်ရှင်တွေကို အခွန်ကောက်မယ့်ကိစ္စမှာ ပြည်ပမှာရှိတဲ့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေးတွေ ပါမပါ ပြောထားတာမျိုး မတွေ့ရပါဘူး။ မကြာသေးမီက အမေရိကန်စတူဒီယိုတွေဟာ နိုင်ငံပြင်ပမှာ Deadpool & Wolverine၊ wicked and Gladiator II စတဲ့ နာမည်ကျော်ဇာတ်ကားတွေ ထုတ်လုပ်ခဲ့ပါတယ်။

ထရမ့်ပ်ဟာ တကျော့ပြန် သမ္မတဖြစ်လာပြီးနောက် တကမ္ဘာလုံးကနိုင်ငံတွေကို အခွန်တိုးကောက်ဖို့ ပြုလုပ်ခဲ့ပါတယ်။

အခွန်တိုးကောက်တာက အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ အလုပ်အကိုင် တိုးမြင့်စေတယ်လို့ ပြောထားပေမဲ့ ကမ္ဘာ့စီးပွားရေးဟာ ပရမ်းပတာ ဖြစ်လာပါတယ်။ ကမ္ဘာတဝန်းလုံးရှိ ကုန်ပစ္စည်းတွေလည်း ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံနဲ့လည်း အပြန်အလှန် အခွန်တိုးကောက်မှုတွေ ပြုလုပ်နေပြီး တရုတ်နိုင်ငံဟာ အမေရိကန်ရုပ်ရှင်တွေ တင်သွင်းပြသမှုကို ဧပြီလက လျှော့ချမှု ပြုလုပ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013