DVB Logo
Home
မြန်မာသတင်း
သစ်တော၊ သတ္တု၊ ကျောက်မျက်ကဏ္ဍတို့မှ လေလံ၊ ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၅ သိန်းခန့် ရခဲ့ဟု NUG ပြော
DVB
·
May 5, 2025
သစ်တော၊ သတ္တု၊ ကျောက်မျက်ကဏ္ဍတို့မှ လေလံ၊ ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၅ သိန်းခန့် ရခဲ့ဟု NUG ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NU) အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း သစ်တောနဲ့ပတ်ဝန်းကျင်ကဏ္ဍ၊ သတ္တု၊ ကျောက်မျက်ကဏ္ဍတို့ကနေ လေလံ၊ ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၅ သိန်းလောက်နဲ့ ရွှေစင် ၁၇ ပိဿာလောက် ရခဲ့တယ်လို့ အစီရင်ခံ ဖော်ပြထားပါတယ်။

၄ နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ကျွဲနွားအခွန်ငွေ သန်း ၃,၃၀၀ ကျော်၊ စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ ရေနံထွက်ပစ္စည်းလုပ်ငန်းတွေကနေ အခွန်ဘဏ္ဍာ စုစုပေါင်းကျပ်သန်း ၁ သိန်းကျော် ရခဲ့တယ်လို့လည်း ဆိုပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့တွေ အနေနဲ့ စစ်ကိုင်းတိုင်း ၂၉ မြို့နယ်၊ မကွေးတိုင်း ၁ မြို့နယ်၊ ပဲခူးတိုင်း ၁ မြို့နယ်နဲ့ တနင်္သာရီတိုင်း ၁ မြို့နယ် ဖွဲ့စည်းဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ်အတွင်း သစ်တောနဲ့ ပတ်ဝန်းကျင်ကဏ္ဍ၊ သတ္တုကျောက်မျက်ကဏ္ဍတို့က လေလံ၊ ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၄၇၂,၁၄၁၊  ရွှေစင် ၁၆ ဒသမ ၉၄ ပိဿာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပေါင်းစပ်ပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေတဲ့ ဒေသတွေမှာ ကျွဲ နွား အခွန်ဘဏ္ဍာ ကောက်ခံခဲ့ရာမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၄  ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်း ကျပ်သန်း ၃,၃၄၉ ကို ကောက်ခံနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ ရေနံထွက်ပစ္စည်း လုပ်ငန်းတွေကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အခွန်ဘဏ္ဍာ စုစုပေါင်းကျပ်သန်း ၁ သိန်းကျော်ရရှိပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖြည့်ဆည်းပေးနေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘဏ္ဍာရန်ပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို  စစ်ရေးကဏ္ဍမှာ အသုံးပြုခဲ့ပြီး PDF ရဲဘော်တွေဟာ ပြည်နယ်တိုင်းအားလုံးမှာ တိုက်ပွဲဝင်နေတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစွဲခဲ့တာဖြစ်ပြီး မဟာမိတ်တော်လှန်ရေးအဖွဲ့တွေကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013