DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲအတွက် ဗာတီကန်တွင် မီးခိုးခေါင်းတိုင် တပ်ဆင်
DVB
·
May 4, 2025
ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲအတွက် ဗာတီကန်တွင် မီးခိုးခေါင်းတိုင် တပ်ဆင်
Donate to DVB

မေလ ၇ ရက်နေ့ ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး မီးခိုးခေါင်းတိုင်နဲ့ ဆစ်စတိန်းကျောင်းအမိုး တပ်ဆင်နေပါတယ်။

ပုပ်ရဟန်းမင်းကြီး ရွေးချယ်ရမှာ အသုံးပြုမယ့် မီးခိုးခေါင်းတိုင် ပိုက်လုံးတွေနဲ့ အစိတ်အပိုင်း တပ်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ရွေးချယ်ဖို့ ကာဒီနယ် ၁၃၃ ဦး ရှိပြီး အဲ့ဒီအထဲက ၈၀ ရာခိုင်နှုန်းကို ပုပ်ဖရန်စစ်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကက်သလစ် ဘာသာဝင် ၁ ဒသမ ၄ ဘီလီယံရှိပြီး ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ပွဲကို ဆစ်စတိန်းကျောင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

မဲပေးရွေးချယ်တဲ့အချိန် မီးခိုးခေါင်းတိုင်ကထွက်တဲ့ မီးခိုးအမည်းရောင်တွေက ဆုံးဖြတ်ချက် မချရသေးဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အဖြူရောင်က ၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

မီးခိုးခေါင်းတိုင်က ထွက်တဲ့မီးခိုးတွေကို စိန့်ပီတာရင်ပြင်ကနေ လှမ်းမြင်နိုင်ပြီး အဲ့ဒီနေ့မှာ လူထောင်နဲ့ချီပြီး လာရောက်ကြည့်ရှုမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၁၃ ခုနှစ်က ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဖရန့်စစ်ဟာ ဧပြီ ၂၁ ရက်က ပျံလွန်ခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲကျင်းပခဲ့တဲ့ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ မဲပေးမှုဟာ ဒုတိယ နေ့မှာတင် အဆုံးသတ်ခဲ့တာ တွေ့ရပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013