DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၂ လအတွင်း စစ်ဘေးရှောင် ၁၄၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
May 1, 2025
ဧရာဝတီတိုင်း၌ ၂ လအတွင်း စစ်ဘေးရှောင် ၁၄၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင် ၁၄၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လက စစ်ဘေးရှောင် အမျိုးသား ၆၈ ယောက်နဲ့ အမျိုးသမီး ၃၁ ယောက်၊ ဧပြီလထဲမှာ အမျိုးသား ၃၉ ယောက်၊ အမျိုးသမီး ၉ ယောက်၊ ၂ လတာကာလအတွင်း စုစုပေါင်း ၁၄၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက အကြမ်းဖက်သမားတွေလို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက “လတ်တလော တိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်က အပါအဝင် ဧရာဝတီတိုင်းနဲ့ ရခိုင်ဘက်ကနေ စစ်ရှောင်လာရင်း အဖမ်းခံရတာများတယ်။ တိုက်ပွဲရှောင်တွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲဖမ်းတာ” လို့ ပြောပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေကို ရဲတွေနဲ့ စစ်ကောင်စီတပ်က တရားလိုလုပ်ပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာရှိသလို ဘယ်ပုဒ်မနဲ့မှ အရေးယူခြင်းမရှိသေးဘဲ ဖမ်းဆီးထားတာတွေလည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “AA တပ်ဖွဲ့ဝင်တွေ၊ PDF တွေလို့ဆိုပြီး စွပ်စွဲဖမ်းခဲ့တာ။ ဂွမြို့နယ်က ကိုထူးအန် အပါအဝင် အဖမ်းခံရသူတွေထဲမှာ လူငယ်တွေ၊ အမျိုးသားတွေ များတယ်။ ရေနံသာ စစ်ဆေးရေးဂိတ်ကနေ ဝင်လာရင်း အဖမ်းခံရတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ စစ်ဘေးရှောင် ၉၉ ယောက်ဟာ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ပုသိမ်၊ ရွှေသောင်ယံ စတဲ့မြို့နယ်တွေကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013