DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် နေလှန်းဆား တပိဿာ ကျပ် ၆၅၀ အထိ စံချိန်တင် ဈေးမြင့်တက်
DVB
·
May 1, 2025
ဧရာဝတီတိုင်းတွင် နေလှန်းဆား တပိဿာ ကျပ် ၆၅၀ အထိ စံချိန်တင် ဈေးမြင့်တက်
Donate to DVB

ဧရာဝတီတိုင်းကထွက်ရှိတဲ့ နေလှန်းဆား တပိဿာ ကျပ် ၆၅၀ အထိ စံချိန်တင် ဈေးမြင့်တက်နေပေမဲ့ ဆားလုပ်ငန်းရှင်တွေအဖို့ အကျိုးမဖြစ်ကြဘူးလို့ ဆားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဧပြီလ ဒုတိယအပတ်က စတင်ပြီး နေလှန်းဆား တပိဿာ ကျပ် ၆၅၀ အထိ ဈေးမြင့်တက်လာတာဖြစ်ပြီး ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာတော့ ကျပ် ၁၉၀ ကနေ ၂၅၀ အထိသာ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

ဧရာတီတိုင်း ဆားလုပ်ငန်းရှင်တယောက်က “ကျန်ခဲ့တဲ့နှစ်က ဆားဈေးကျလို့ ရှုံးတယ်။ အခုလည်း ဆားဈေးတက်တော့လည်း ရှုံးနေတုန်းပဲ။ ဆားတွေ မထုတ်နိုင်ဘူး။ နေလှန်းဆားကွင်းတွေ မိုးမိလို့ ပျက်ကုန်တာကြောင့် ဆားအထွက်နည်းပြီး ဈေးတက်တာ။ လိုသလောက်မရတော့ ဈေးတက်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဒီနှစ် ဆားရာသီအစ ဇန်နဝါရီလက တကြိမ်၊ ပြီးခဲ့တဲ့ဧပြီလအတွင်းက ၂ ကြိမ်အထိ နေလှန်းဆားကွင်းတွေမှာ အချိန်အခါမဟုတ် မိုးမိလို့ ဆားကွင်းတွေ ပျက်စီးတာ၊ စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် လိုသလောက် အသုံးပြု မလုပ်နိုင်တာ၊ ပြည်ပဆားဈေးကွက်ကို မတင်ပို့နိုင်တာ စတဲ့ အခြေအနေတွေကြောင့် လက်ရှိ ဆားဈေးတက်နေပေမဲ့ နေလှန်းဆား လုပ်ငန်းရှင်တွေအဖို့ အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။

ငပုတောမြို့နယ်က နေလှန်းဆား လုပ်ငန်းရှင်တယောက်က “နေလှန်းဆားဖြစ်လို့ ရာသီဥတုနဲ့ချိန်ပြီး ခန့်မှန်းလုပ်ကိုင်ရတာပါ။ ဒီနှစ် ဆားသမားအများစု ဒီနှစ်ရာသီဥတုဒဏ်ကို အတော်ခံခဲ့ရတယ်။ ဆားလုပ်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဈေးကလည်း အဆမတန် ထိုးတက်နေတာ၊ တခါမှကို မကျခဲ့ဘူးလေ။ အဲဒီတော့ ဆားဈေးက ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ရောက်ရင် သူတို့ ရှုံးတာပဲ။ တပိဿာကို ၄၀၀ လောက် ပုံမှန်ရရင်ဆို မဆိုးပါဘူး” လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ဖြစ်စဉ်တွေကြောင့်  ဆားကို အဓိကဝယ်ယူအသုံးပြုတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတဲ့လုပ်ငန်းတွေဘက်ကလည်း လုပ်ငန်းတွေ ထိခိုက်နေလို့ အရင်ကလောက် အသုံးမပြုတော့ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိလာတဲ့ နေလှန်းဆားတွေကို အရင်နှစ်တွေက နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးနဲ့ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013