
အာဆင်နယ်အသင်းအနေနဲ့ ပီအက်စ်ဂျီနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း နည်းပြ မီခေးလ်အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ဧပြီ ၃၀ ရက် မနက်ပိုင်းက အိမ်ကွင်း အမ်းမရိတ်မှာ ကစားသွားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
အာဆင်နယ်အနေနဲ့ ပထမအကျော့ကထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုး လုပ်ဆောင်နိုင်စွမ်းရှိပြီး ပဲရစ်မြေမှာ နိုင်ပွဲပြန်လည်ရရှိအောင် ကစားသွားမယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
နိုင်ပွဲပြန်ယူဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲဆိုတာ မပြောတတ်ပေမဲ့ ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေး အများကြီးရှိပြီး ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ ထူးခြားတဲ့အခိုက်အတန့်တွေ လုပ်ပြနိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဒုတိယအကျော့ပွဲစဉ်အဖြစ် လာမယ့် မေ ၈ ရက်မှာ ပီအက်စ်ဂျီကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။