
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် မိန်းကလေးတယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “ကွမ်းဆိုင်နားမှာရှိနေတဲ့ ကလေးတဦးထိသွားတယ်။ ခါးမှာ ရှပ်ထိသွားတာပါ။ ကွမ်းဆိုင်လည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ မိန်းကလေးမှာ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၈ နဲ့ ၃၀ ရက်နေ့မှာလည်း လေညာရွာမှာရှိတဲ့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လက်နက်ကြီးနဲ့ ၁၀ ချက်ဝန်းကျင် ပစ်ခတ်ခဲ့တယ်လို့ သိရပါသေးတယ်။