DVB Logo
Home
မြန်မာသတင်း
NUG က ငလျင်ဒဏ်သင့်ပြည်သူများကို ကျပ်သန်းပေါင်း ၃,၇၀၀ ကျော် ထောက်ပံ့ထား
DVB
·
April 30, 2025
NUG က ငလျင်ဒဏ်သင့်ပြည်သူများကို ကျပ်သန်းပေါင်း ၃,၇၀၀ ကျော် ထောက်ပံ့ထား
1 / 2
Donate to DVB

ငလျင်ဒဏ်သင့်ပြည်သူတွေကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၃,၇၀၀ ကျော် ထောက်ပံ့ထားပြီလို့ သိရပါတယ်။

ဧပြီ ၂၈ ရက်အထိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC ခွင့်ပြုချက်နဲ့ စစ်ကိုင်းတိုင်း မြေပြင်အုပ်ချုပ်ရေးအဖွဲ့ဆီကို ကျပ် ၅,၉၉ သန်းကျော် တိုက်ရိုက် ထောက်ပံ့ထားတယ်လို့ ဧပြီ ၂၉ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီထောက်ပံ့ငွေအပါအဝင် ငလျင်ဘေးသင့်ဒေသတွေက ပြည်သူတွေဆီကို စုစုပေါင်း ကျပ် ၃,၇၀၃ သန်း ထောက်ပံ့ထားပြီး လှူဒါန်းထားတဲ့ငွေတွေကနေ ဌာနက တိုက်ရိုက် ထောက်ပံ့တာက ကျပ် ၂၆,၂၂ သန်းနဲ့ အရပ်ဘက်အဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေကတဆင့် ချိတ်ဆက်ပြီး သန်း ၃၈၀ လောက် ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း ငလျင်ဘေးသင့် မြို့နယ် ၄၆ မြို့နယ်မှာ  အိမ်ထောင်စု ၁၅၀၀၀ ကျော် အတွက် ထောက်ပံ့ထားတယ်လို့  လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းက အိမ်ထောင်စု ၇,၀၆၃ စုအတွက် ကျပ်သန်း ၁,၈၁၅၊ စစ်ကိုင်းတိုင်းက အိမ်ထောင်စု ၄,၄၄၄ စုအတွက် ကျပ်သန်း ၁,၀၉၁၊ ပဲခူးတိုင်းက အိမ်ထောင်စု ၁,၃၃၉ အတွက် ကျပ် ၃၀၁ သန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းက အိမ်ထောင်စု ၁,၄၇၄ အတွက် ကျပ်သန်း ၂၂၀၊ နေပြည်တော်က အိမ်ထောင်စု ၉၁၁ စုအတွက် ကျပ်သန်း ၂၇၄ ကျော် ထောက်ပံ့ထားပြီးပြီလို့ သိရပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ထောက်ပံ့ကူညီမှုများကို ဒုက္ခခံစားနေကြရသော ပြည်သူများထံ နေရာဒေသမခွဲခြားဘဲရောက်ရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်နေပါတယ်။ အစောပိုင်းကာလ ပြန်လည်ထူထောင်မှုအချို့ စတင်နေပါပြီ။ ပြည်သူ့အားဖြင့် အကောင်းဆုံး အကောင်အထည် ဖော်သွားပါမယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနက တာဝန်ရှိသူတယောက်က “ပြန်လည်ထူထောင်ရေးအတွက် နေအိမ်ပြန်ဆောက် ပေးနေတာ၊ ရေတွင်းပြန်တူးပေးနေတာတွေရှိပါတယ်။ ထောက်ပံ့ရာမှာလည်း ငွေသားအပြင် မိုးကာတွေနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေ ပါပါတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၉ ရက်အထိ ငလျင်ဘေးအတွက် ထောက်ပံ့ကူညီဖို့ အလှူငွေကျပ်သန်းပေါင်း ၄,၂၆၁ ရထားပြီလို့လည်း NUG က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013