DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေး ၁ လပြည့်  ရန်ပုံငွေရှာပွဲ ချင်းမိုင်တွင် ကျင်းပ  
DVB
·
April 29, 2025
ငလျင်ဘေး ၁ လပြည့်  ရန်ပုံငွေရှာပွဲ ချင်းမိုင်တွင် ကျင်းပ  
1 / 10
Donate to DVB

One Month After Earthquake: Solidarity for Hope လို့ အမည်ရတဲ့ ငလျင်ဘေးကူညီရေး ရန်ပုံငွေ ကောက်ခံပွဲတရပ်ကို ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၁ လပြည့်တဲ့ ဧပြီ ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာတော့ တေးဂီတဖျော်ဖြေမှုတွေနဲ့အတူ မြန်မာ့ရိုးရာ အစားအစာတွေကို ရောင်းချခဲ့ကြပါတယ်။

ဒီပွဲကို စီစဉ်သူတဦးဖြစ်တဲ့ ဖိအေ ကတော့ “ဒီပွဲက ရရှိမယ့် အလှူငွေ၊ ရန်ပုံငွေတွေကို ချင်းမိုင်မှာ အခြေစိုက်တဲ့ မြန်မာ CSO အဖွဲ့တွေကို လှူဒါန်းမှာပါ။ သူတို့က မြေပြင်မှာရှိတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကတည်းက သူတို့ဆီကို လှူဒါန်းခဲ့ပါတယ်။ ဒီနေ့ ရန်ပုံငွေရှာပေးက ရရှိသမျှကိုလည်း လှူဒါန်းမှာပါ” လို့ဆိုပါတယ်။

ဒီပွဲအခမ်းအနားက ရရှိသမျှ အလှူငွေ၊ ရန်ပုံငွေတွေကိုတော့ MM Earthquake Response Coordination Unit (MERCU) ကို လှူဒါန်းသွားမှာပါ။

MERCU ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းတွေက တာဝန်ယူဖွဲ့စည်းထားပြီး၊ မြေပြင်ပေါ်မှာ တိုက်ရိုက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအကြား ချိတ်ဆက်ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက် မတ်လ ၂၉ ရက်နေ့က စတင် တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013