DVB Logo
Home
နိုင်ငံတကာ
ကော်လိုရာဒို နိုက်ကလပ်စီးနင်းမှုတွင် ရွှေ့ပြောင်း ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
April 29, 2025
ကော်လိုရာဒို နိုက်ကလပ်စီးနင်းမှုတွင် ရွှေ့ပြောင်း ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

အမေရိကန်မူးယစ်ဆေးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (DEA) ဟာ ကော်လိုရာဒို စပရင်းင် နိုက်ကလပ်ကို စီးနင်းမှုအတွင်း ဖက်ဒရယ်အေးဂျင့်တွေဟာ အမေရိကန်နိုင်ငံကို တရားမ၀င် ရောက်ရှိနေတယ်လို့ အေဂျင်စီက စွပ်စွဲထားတဲ့ ရွှေ့ပြောင်းအခြေချသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်းက ဧပြီ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အခုစီးနင်းမှုဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် တက်လာပြီးနောက်ပိုင်း အကြီးမားဆုံး ဖမ်းဆီးခံရမှုလည်း ဖြစ်ပါတယ်။ 

ထရမ့်ပ်ဟာ အမေရိကန်မှာ တရားမဝင် နေထိုင်နေတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ပြည်နှင်ဒဏ် ပေးမယ်လို့ ကတိပြုထားပြီး သူ့သမ္မတသက်တမ်းအတွက် လက်မှတ်ရေးထိုး ထုတ်ပြန် ထားပါတယ်။ 

လူ ၁၁၄ ဦးကို ဖမ်းဆီးပြီး ဘတ်စ်ကားတွေပေါ် တင်ဆောင်ကာ နောက်ဆုံးမှာ နေရပ်ကို ပြန်ပို့ခံရဖွယ်ရှိကြောင်း DEA က ပြောပါတယ်။ 

နိုက်ကလပ်မှာ လူပေါင်း ၂၀၀ ကျော် ရောက်ရှိနေပြီး သူတို့ထဲက ၁၁၄ ဦးမှာ အမေရိကန်မှာ တရားမ၀င် ရောက်ရှိနေထိုင်နေကြကြောင်းလည်း ဆိုပါတယ်။ 

ထရမ့်ပ် တက်လာပြီးကတည်းက အမေရိကန်အေဂျင်စီတွေဟာ တင်းတင်းကျပ်ကျပ် အရေးယူမှု တွေ အရှိန်မြှင့် လုပ်ဆောင်လာကြပါတယ်။ 

ဒီ့အရင်တစ်ရက်က ဖလော်ရီဒါရှိ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စိုးမိုးရေးဌာန နဲ့ ပြည်နယ်တာဝန်ရှိသူတွေဟာ ၄ ရက်အတွင်း အမေရိကန်မှာ တရားမဝင်နေထိုင်သူ ၈၀၀ နီးပါး ကို ဖမ်းဆီးခဲ့ကြောင်း အေဂျင်စီက ပြောကြားပြီး ဒါဟာ ကြီးမားကျယ်ပြန့်ပြီး အေဂျင်စီပေါင်းစုံ ပါဝင်တဲ့ လူဝင်မှုကြီးကြပ်ရေး ဧရာမနှိမ်နင်းမှုကြီးလို့ ခေါ်ဆိုကြပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013