
ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ မန်စီးတီးက ဒီဘရိုင်းနဲ့ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်း တို့လို ဝါရင့်ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
နည်းပြ မာရက်စ်ကာဟာ ငယ်ရွယ်တဲ့ ကစားသမားတွေ များနေတဲ့ အသင်း လူစာရင်းထဲကို အတွေ့အကြုံရှိ ဝါရင့်ကစားသမားတွေ ထပ်ပေါင်းထည့်ဖို့ ဆန္ဒရှိနေတယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်စီးတီးကနေ ထွက်ခွာမယ့် ကီဗင်ဒီဘရိုင်း အပါအဝင် ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းတို့ ၂ ယောက်ဟာ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ် ကစားသမားစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီဘရိုင်းကို အလွတ်နဲ့ခေါ်ယူခွင့်ရှိပေမဲ့ ဟယ်ရီကိန်းကိုတော့ စာချုပ်လျော်ကြေးတွေ ပေးမှသာ ခေါ်ယူနိုင်လိမ့်မယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
ချဲလ်ဆီးဟာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို သက်တမ်းတိုးစာချုပ် မချုပ်ဆိုခင်က ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးတယ်လို့လည်း သိရပါတယ်။