အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People's Police) လက်အောက်ခံ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) ရဲ့ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တနေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အဲ့ဒီ SSTF အပတ်စဥ် ၃ သင်တန်းမှာ မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ အမရပူရ၊ မတ္တရာ၊ နွားထိုးကြီးစတဲ့ ဒေသတွေက PDF ရဲဘော်တွေ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၄ လဝန်းကျင် ကြာမြင့်တယ်လို့ သိရပါတယ်။
လာမယ့် အပတ်စဥ် ၄ အတွက်ကိုလည်း နိုင်ငံတဝန်းက တပ်ဖွဲ့ဝင်သစ်တွေကို ဆက်လက်ပြီး လက်ခံနေတယ်လို့ SSTF ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။