
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူဝမ်းပွဲစဉ် ၃၁ မှာ နိစ်အသင်းကို ရှုံးနိမ့်သွားတာကြောင့် ရှံဒးပွဲမရှိ ချန်ပီယံအိပ်မက် ပျက်ပြယ်သွားခဲ့ရပါတယ်။
ပွဲစဉ် ၃၀ အထိ ၂၄ ပွဲနိုင် ၆ ပွဲသရေရလဒ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ လက်ကျန် ၄ ပွဲ အလိုမှာ ရှုံးပွဲမရှိကစားဖို့ မျှော်မှန်းခဲ့ပေမဲ့ ပွဲစဉ် ၃၁ မှာ ပထမဆုံး ရှုံးပွဲတွေ့ခဲ့ရတာပါ။
အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကစားဖို့ရှိနေတဲ့ ပီအက်စ်ဂျီအသင်းဟာ နိစ်နဲ့ပွဲစဉ်မှာ အဓိက ကစားသမားအစုံအလင်ပွဲထွက်လာခဲ့ပြီး ပွဲကို အသားစီကစားသွားပေမဲ့ တိုက်စစ် မှူးတွေ အသုံးမချနိုင်ခဲ့တဲ့အပြင် ဂိုးသမား ဒွမ်နာရမ်မာရဲ့ စွမ်းဆောင်ရည်အားနည်းမှဒတွေ ကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ ရူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters