
လီဗာပူးပရိသတ်တွေအတွက် အိမ်ကွင်းမှာ ချန်ပီယံဆုဖလားရယူပေးဖို့ တာဝန်ရှိကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး အနိမ့်ဆုံးသရေတမှတ်ရယူနိုင်တာနဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပါ။
နောက်ဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တုန်းက ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် လီဗာပူးပရိသတ်တွေအနေနဲ့ အပြည့်အ၀အောင်ပွဲခံခွင့်မရခဲ့ကြောင်း၊ လက်ရှိ အချိန်မှာတော့ အိမ်ကွင်းမှာ ပရိသတ်တွေကို အောင်ပွဲခံခွင့် အပြည့်အ၀ပေးနိုင်ဖို့အတွက် ချန်ပီယံ ဆုဖလားရယူပေးဖို့ လိုအပ်ကြောင်း နည်းပြ စလော့ကပြောပါတယ်။
စပါးအသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမ်ဖီးလ်ကွင်းမှာ အနိုင်မရခဲ့သလို လက်ရှိခြေစွမ်းအခြေအနေ ကျဆင်းနေတာကြောင့် လီဗာပူးအသင်းပဲ အနိုင်ရပြီး ချန်ပီယံဖြစ်လိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက ခန့်မှန်း သုံးသပ်ကြပါတယ်။
Photo: Reuters