
မန်ချက်စတာစီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက် ၁၁၅ ချက်အနက် ၁၁၄ ချက်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။
ဒီလို ဆုံးဖြတ်ပြီးနောက် မန်ယူဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က မန်စီးတီး ရရှိထားတဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အခုလို အပြစ်ရှိကြောင်း တွေ့ရှိမှုကြောင့် မန်စီးတီးသိမ်းပိုက်ခဲ့တဲ့ ဆုဖလားတွေကို တခြား ဒုတိယရခဲ့တဲ့အသင်းတွေထံ လွှဲပြောင်းပေးရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ မန်စီးတီးအသင်းကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
ဖာဒီနန်ကတော့ မတရားသဖြင့် ရယူထားတဲ့ ဆုဖလားတွေကို အသင်းထံကနေ ပြန်လည်သိမ်းဆည်းသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် ထိခိုက်ခဲ့ရတဲ့ တခြားအသင်းတွေကို အဆိုပါ ဆုဖလားတွေ ပြန်လည်ပေးအပ်ဖို့အတွက်လည်း အခိုင်အမာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။










