DVB Logo
Home
အားကစား
တိုက်စစ်မှူး ဗာဒီ လက်စတာကနေ ထွက်ခွာမည်
DVB
·
April 25, 2025
တိုက်စစ်မှူး ဗာဒီ လက်စတာကနေ ထွက်ခွာမည်
Donate to DVB

၁၃ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တိုက်စစ်မှူး ဂျေမီဗာဒီက ပြောပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ လက်စတာအတွက် ပရီးမီးယားလိဂ် ၇ ဂိုး သွင်းခဲ့ပေမဲ့ အသင်းကို တန်းတင်ကျန်ရစ်အောင် ကူညီနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ 

၂၀၁၂ ခုနှစ်က ဖလက်ဝုဒ်တောင်းအသင်းကနေ မထင်မရှား ပြောင်းရွှေ့လာသူ ဂျေမီဗာဒီဟာ လက်စတာကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် ကူညီပေးခဲ့သလို ချန်ပီယံဆုဖလား ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့သူပါ။

အသင်းနဲ့ ၁၃ နှစ်ကြာ ကာလအတွင်း စုစုပေါင်း ၄၉၆ ပွဲ ကစားခဲ့ပြီး ၁၉၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဗာဒီအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပေမဲ့ အနားယူမယ့်အစီအစဉ်နဲ့ ပတ်သက်လို့တော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Photo;Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013