
လက်စတာစီးတီးအသင်းဟာ ရိန်းဂျားစ်နဲ့ ဆောက်သမ်ပတန်နည်းပြဟောင်း ရပ်ဆဲလ်မာတင်ကို ၃ နှစ် စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
လက်စတာဟာ အရင်ရာသီတွေက ဆက်တိုက်တန်းဆင်းခဲ့ရလို အခုဆိုရင် အင်္ဂလန်တတိယတန်း လိဂ်ဖြစ်တဲ့ လိဂ်ဝမ်းမှာ ကစားနေရတာပါ။
နည်းပြ မာတင်ဟာလည်း ရိန်းဂျားစ်အသင်းကနေ ထွက်ခွာခဲ့ရတဲ့နောက် သူ့ရဲ့နည်းပြဘဝကို လက်စတာမှာ ပြန်လည်ပျိုးထောင်ရမှာ ဖြစ်ပါတယ်။
မာတင်ဟာ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း လက်စတာအသင်းရဲ့ သတ္တမမြောက် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပါတယ်။
သူက အသင်းမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ကာ ပရိသတ်တွေ ဂုဏ်ယူရမဲ့ ကစားဟန်မျိုး ပြသသွားမယ်လို ပြောပါတယ်။
လက်စတာအသင်းရဲ့ အားကစားဒါရိုက်တာ ဂျိမ်းစ်မက်ကာရွန်ကလည်း မာတင်ကို အပြည့်အဝ ပံ့ပိုးပေးသွားမယ်လို ကတိပြုထားပါတယ်။
Photo:Reuters










