
မန်ယူအသင်းဟာ အတ္တလန္တာတိုက်စစ်မှူး လွတ်ခ်မန်းကို ခေါ်ယူဖို့ အသင်းတိုက်စစ်မှူး ဟွိုက်လန်းကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ဂိုးသွင်းနိုင်မှုစွမ်းရည် အားနည်းတဲ့ ဟွိုက်လန်းကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်လာခဲ့တာပါ။
ဒိန်းမတ်တိုက်စစ်မှူးကို အတ္တလန္တာအသင်းကနေပဲ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လည်ရောင်းထုတ်ဖို့ မန်ယူအသင်းက ပြင်ဆင်လာခဲ့တာဖြစ်ကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။
မန်ယူအသင်းခေါ်ယူလိုတဲ့ လွတ်ခ်မန်းဟာ လက်စတာ၊ ဖူဟမ်နဲ့ အဲဗာတန်အသင်းတွေမှာ အောင်မြင်မှုမရခဲ့ပေမဲ့ စီးရီးအေကလပ် အတ္တလန္တာမှာ ခြေစွမ်းပြနေပြီး ၃ ရာသီ ကာလအတွင်း စုစုပေါင်း ဂိုး ၅၀ သွင်းယူထားသူ ဖြစ်ပါတယ်။