DVB Logo
Home
အားကစား
ရီးရဲလ်နှင့် အပြောင်းအရွှေ့သတင်းအပေါ် ဖြေကြားရန် မက်အယ်လစ္စတာ ငြင်းဆို
DVB
·
April 24, 2025
ရီးရဲလ်နှင့် အပြောင်းအရွှေ့သတင်းအပေါ် ဖြေကြားရန် မက်အယ်လစ္စတာ ငြင်းဆို
Donate to DVB

ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် ဖြေကြားဖို့ လီဗာပူးကွင်းလယ်လူ မက်အယ်လစ္စတာက ငြင်းဆိုသွားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားတယောက်ဖြစ်သူ အယ်လစ္စတာဟာ လီဗာပူးမှာ စွမ်းဆောင်ရည်ကောင်း ပြသနေတာကြောင့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခံနေရသူပါ။

မီဒီယာတခုနဲ့ အင်တာဗျူးမှာတော့ ရီးရဲလ်နဲ့ အပြောင်းအရွှေ့သတင်းတွေ တွေ့မြင်နေရပေမဲ့ လီဗာပူးအသင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း၊ အသင်းအပေါ် လေးစားမှုရှိရမှာဖြစ်လို့ တခြားအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေအကြောင်း ပြောကြားဖို့ မလိုအပ်ကြောင်း မက်အယ်လစ္စတာက ပြောသွားပါတယ်။

လီဗာပူးမှာ ခြေစွမ်းမပြနိုင်တဲ့ ပွဲစဉ်တပွဲလောက် ရှိလာချိန်မှာ တခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိတော့မှာမဟုတ်ကြောင်းလည်း မက်အယ်လစ္စတာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013