DVB Logo
Home
အားကစား
ဒေါ့မွန်တိုက်စစ်မှူး ဂူယာဆီကို ခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များ အပြိုင်ကြိုးပမ်း
DVB
·
April 24, 2025
ဒေါ့မွန်တိုက်စစ်မှူး ဂူယာဆီကို ခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များ အပြိုင်ကြိုးပမ်း
Donate to DVB

ဒေါ့မွန်တိုက်စစ်မှူး ဂူယာဆီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေ အပြိုင်ကြိုးပမ်းနေကြပါတယ်။

ဂီနီတိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ဟတ်ထရစ် သုံးဂိုး အပါအဝင် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူထားတာပါ။

အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက စိတ်ဝင်စားလာကြပြီး အာဆင်နယ်၊ မန်ယူ၊ လီဗာပူး၊ မန်စီးတီး အပါအဝင် ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။

ယူရို သန်း ၇၀ လောက် ဈေးနှုန်းသတ်မှတ်ထားတဲ့ ဂူယာဆီကို စပိန်ထိပ်သီး ၂ သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း ခေါ်ယူလိုနေတာကြောင့် ဥရောပထိပ်တန်း ၇ သင်းအထိ ဂူယာဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စကိုင်းစပေါ့ ဂျာမနီသတင်းထောက် ပတ်ထရစ်ဘာဂါက ရေးသားဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013