DVB Logo
Home
အားကစား
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲက အသင်းစွမ်းဆောင်ရည်အပေါ်  အာဆင်နယ်နည်းပြ စိတ်ပျက်
DVB
·
April 24, 2025
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲက အသင်းစွမ်းဆောင်ရည်အပေါ်  အာဆင်နယ်နည်းပြ စိတ်ပျက်
Donate to DVB

ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျတဲ့ပွဲစဉ်က အာဆင်နယ်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြ အာတေတာက စိတ်ပျက်စကားဆိုသွားပါတယ်။

အာဆင်နယ်ဟာ ပဲလေ့စ်နဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည်အားနည်းခဲ့ပြီး တဖက် ၂ ဂိုးစီ သရေကျခဲ့တာပါ။

ရလဒ်နဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိပြီး အသင်းသားတွေအနေနဲ့ ပွဲကို ပြီးပြည့်စုံတဲ့အထိ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ကြောင်း၊ တချို့နေရာတွေမှာ ကစားနေကျ စွမ်းဆောင်ရည်ကို မမီခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်ဟာ ဒီပွဲသရေရလဒ်ကြောင့် ထိပ်ဆုံးက လီဗာပူးထက် တပွဲပိုအခြေအနေမှာ ၁၂ မှတ်အထိ ကွာဟသွားပြီး ဂိုးကွာခြားချက်မှာလည်း အသာမရနိုင်တော့တာကြောင့် လက်ကျန် ၄ ပွဲအလိုမှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013