
ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျတဲ့ပွဲစဉ်က အာဆင်နယ်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြ အာတေတာက စိတ်ပျက်စကားဆိုသွားပါတယ်။
အာဆင်နယ်ဟာ ပဲလေ့စ်နဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည်အားနည်းခဲ့ပြီး တဖက် ၂ ဂိုးစီ သရေကျခဲ့တာပါ။
ရလဒ်နဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိပြီး အသင်းသားတွေအနေနဲ့ ပွဲကို ပြီးပြည့်စုံတဲ့အထိ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ကြောင်း၊ တချို့နေရာတွေမှာ ကစားနေကျ စွမ်းဆောင်ရည်ကို မမီခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဒီပွဲသရေရလဒ်ကြောင့် ထိပ်ဆုံးက လီဗာပူးထက် တပွဲပိုအခြေအနေမှာ ၁၂ မှတ်အထိ ကွာဟသွားပြီး ဂိုးကွာခြားချက်မှာလည်း အသာမရနိုင်တော့တာကြောင့် လက်ကျန် ၄ ပွဲအလိုမှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။