DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံခြားရေးဌာနကို အကြီးစား ပြန်လည်ပြင်ဆင်ရန် ထရမ့်ပ် အစိုးရ အဆိုပြု
DVB
·
April 23, 2025
အမေရိကန်နိုင်ငံခြားရေးဌာနကို အကြီးစား ပြန်လည်ပြင်ဆင်ရန် ထရမ့်ပ် အစိုးရ အဆိုပြု
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ “အမေရိက ပထမ” ဦးစားပေး မူဝါဒနဲ့အညီ စစ်ရာဇ၀တ်မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးမှုတွေ လုပ်ဆောင်နေတဲ့ ရုံးတွေအပါအဝင် ရုံးပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားပစ်မယ့် အမေရိကန် နိုင်ငံခြားရေးဌာနကို အကြီးစား ပြန်လည်ပြင်ဆင်ဖို့ ထရမ့်ပ်အစိုးရက အဆိုပြုနေပါတယ်။

ကွန်ဂရက်လွှတ်တော်က အကြောင်းကြားထားတဲ့ အစီအစဉ်အရ ဌာနဆိုင်ရာ ဗျူရိုတွေနဲ့ ရုံးခန်းတွေ ၇၃၄ ခုထဲက ၁၃၂ ခုကို ဖျက်သိမ်းမှာဖြစ်ပြီး ဝန်ထမ်းတွေကို ၁၅ ရာခိုင်နှုန်း လျှော့ချမယ့် အစီအစဉ်တွေကို လက်ထောက်အတွင်းဝန်တွေက တင်ပြသွားမှာဖြစ်‌ကြောင်း ရိုက်တာက မြင်တွေ့ခဲ့ရတဲ့ နိုင်ငံခြားရေးဌာနရဲ့ အတွင်းရေးဆိုင်ရာ မှတ်စုတိုအရ သိရပါတယ်။

ပြန်လည်ပြင်ဆင်ရေးကြောင့် လူဘယ်လောက် အလုပ်ထုတ်ခံရမယ် ဆိုတာကို ချက်ချင်း မသိရသေးပေမဲ့ Free Press ရဲ့ အွန်လိုင်းထုတ်ဝေမှု အစီရင်ခံစာအရ ပိတ်ထားတဲ့ရုံးတွေမှာ နောက်ထပ် ရာထူးနေရာ ၇၀၀ လောက်ကို ဖယ်ရှားပစ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက X လူမှုကွန်ရက်မှာ ပို့စ်တင် ပြောထားပါတယ်။

“သမ္မတ ထရမ့်ပ်ရဲ့ အမေရိကန် ပထမ ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ဖို့က ကမ္ဘာတဝန်းမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံခြားရေးဌာနကို ကြီးကျယ်ခမ်းနားအောင် ပြန်လုပ်ရမယ်” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ဧပြီ ၂၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အခုလို အင်အားပြိုင်ဆိုင်မှုကြီးတဲ့ ခေတ်သစ်မှာ လက်ရှိပုံစံအရ နိုင်ငံခြားရေးဌာနဟာ ဖောင်းပွနေပြီး ဗျူရိုကရေစီနဲ့ သူ့ရဲ့ မရှိမဖြစ် သံတမန်မစ်ရှင်ကို မစွမ်းဆောင်နိုင်သေးပါဘူး လို့လည်း ဆိုပါတယ်။

ဒီအဆိုပြုချက်ဟာ လမ်းပြမြေပုံဖြစ်ပြီး ကိစ္စတွေက ပြောင်းလဲနိုင်ပါတယ် လို့လည်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ဧပြီ ၂၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သီးခြားကိစ္စရပ်တခုအပေါ် အာရုံစိုက်ထားတဲ့ ဗျူရိုတခုကို ပိတ်လိုက်တယ် ဆိုတာဟာ အဲဒီကိစ္စကို လုံးဝရပ်ပစ်မယ်လို့ မဆိုလိုပါဘူး လို့လည်း တမ်မီဘရုစ်က ပြောကြားသွားပြီး အဲဒီပြဿနာတွေ ဘယ်လိုဖြစ်ကျန်ခဲ့မယ် ဆိုတာ အသေးစိတ် မဖော်ပြသွားခဲ့ပါဘူး။

ထရမ့်ပ်နဲ့ သူ့ရဲ့ ဘီလီယံနာအကြံပေး အီလွန်မတ်စ်ခ် တို့ဟာ အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေကို တလွဲသုံးနေကြတယ်လို့ ပြောဆိုရင်း ဖက်ဒရယ်အစိုးရကို အရွယ်အစားချုံ့မယ် ဆိုပြီး မကြုံစဘူး တွန်းအားပေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ အခုလို လှုပ်ခတ်လာတာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုကြောင့် ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ အလုပ်ထုတ်ခံခဲ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013