
အာဆင်နယ်လူငယ်အသင်းနည်းပြ ဂျက်ဝဲလ်ရှိုင်းယားဟာ ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်း ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။
ချန်ပီယံရှစ် အဆင့် ၁၄ ရောက်နေတဲ့ နောဝစ်ချ်အသင်းဟာ နည်းပြ ဟိုနက်စ်ဟော့ဖ်နဲ့ လမ်းခွဲအပြီးမှာ ဂျက်ဝဲလ်ရှိုင်းယားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
လက်ကျန်နှစ်ပွဲကို ယာယီနည်းပြ ဝဲလ်ရှိုင်းယားက တာဝန်ယူသွားမှာဖြစ်ပြီး ဧပြီ ၂၆ ရက်မှာ ကစားမယ့် မစ်ဒယ်ဘရော့နဲ့ပွဲစဉ်က နည်းပြ ဝဲလ်ရှိုင်းယားရဲ့ ပထမဆုံး အသင်းကြီးနည်းပြအဖြစ် တာဝန်ယူမယ့်ပွဲစဉ် ဖြစ်လာမှာပါ။
အင်္ဂလန်ကွင်းလယ်လူဟောင်းဟာ အာဆင်နယ် ယူ ၁၈ အသင်းကို တာဝန်ယူစဉ်က လက်ရှိ အသင်းကြီးမှာ ခြေစွမ်းပြနေတဲ့ လူးဝစ္စကယ်လီ၊ အီသန်နွမ်နရီ တို့ကို အရောင်တင်ပေးခဲ့ပြီး တိုးတက်လာနိုင်တဲ့ လူငယ်နည်းပြအဖြစ် ချီးကျူးခံနေရသူ ဖြစ်ပါတယ်။