
ဝုဗ်တိုက်စစ်မှူး ကူညာဟာ မန်ယူအသင်းမှာ ခြေစွမ်းပြသနိုင်မယ့်သူလို့ ဂယ်ရီနဗီးလ်က သုံးသပ်သွားပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ဝုဗ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရာဇီးလက်ရွေးစင် ကူညာကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
မန်ယူနောက်ခံလူဟောင်း နဗီးလ်ကတော့ ကူညာဟာ မန်ယူအသင်းမှာ အံဝင်နိုင်မယ့် ကစားသမားဖြစ်ပြီး ကွင်းလယ်ကနေ တိုက်စစ်အထိ မြန်နှုန်းမြင့် ပြေးလွှားပြီး တယောက်ချင်း ကျော်ဖြတ်နိုင်မယ့် ကစားသမားဖြစ်ကြောင်း ပြောပါတယ်။
ဂျေဒန်ဆန်ချို၊ အန်တိုနီနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာကြောင့် ကူညာလို ကစားသမားက မန်ယူအတွက် လိုအပ်နေတဲ့ ကစားသမား ဖြစ်တယ်လို့လည်း နဗီးလ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ကူညာအတွက် တခြားပြိုင်ဘက်အသင်းတွေနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။