
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက် ပေးနေတဲ့ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ ရုံးခန်းကို အပြီးပိတ်သိမ်းဖို့နဲ့ ရုံးမှာခိုလှုံနေတဲ့ ခြေလက်မသန်စွမ်းသူတွေကိုပါ ညနေ ၅ နာရီနောက်ဆုံးထားပြီးပြောင်းရွေ့ဖို့ ဧပြီ ၂၂ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဒုတိယအကြိမ် လာရောက်အမိန့်ပေးခဲ့တယ်လို့ AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
AAC မဟာမိတ်ရုံးဟာ ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင် အသင်းပင်းဖွဲ့စည်းခွင့် မရှိတာကြောင့်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကစပြီး ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ကာ ပိတ်သိမ်းဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို အလုပ်သမား ကူညီကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်းခံရတာနဲ့ ပတ်သက်လို့ အကူညီ လိုအပ်တဲ့ အလုပ်သမားတွေ အခက်အခဲဖြစ်သွားနိုင်သလို ထိုင်းရောက် အလုပ်သမားအရေး ကူညီပေးသူတွေကို တပ်လှန့်လိုက်တဲ့ သဘောပဲလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောထားပါတယ်။