DVB Logo
Home
မြန်မာသတင်း
AAC အလုပ်သမားကူညီစောင့်ရှောက်ရေး ဂေဟာကို ထိုင်းအာဏာပိုင်များ ချိပ်ပိတ်
DVB
·
February 20, 2025
AAC အလုပ်သမားကူညီစောင့်ရှောက်ရေး ဂေဟာကို ထိုင်းအာဏာပိုင်များ ချိပ်ပိတ်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက် ပေးနေတဲ့ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရဲ့ အလုပ်သမားများကယ်ဆယ်ရေးဂေဟာကို  ဖေဖော်ဝါရီ ၂၀ ရက်မှာ  ထိုင်းအာဏာပိုင်တွေက ဖျက်သိမ်းဖို့ ချိပ်ပိတ်စာလာကပ်ခဲ့ပါတယ်။

ချိပ်ပိတ်ထားတဲ့ ဂေဟာကို ဆက်အသုံးပြုမယ်ဆိုရင် ၃ လထက်မပိုတဲ့ ထောင်ဒဏ် ( သို့မဟုတ်) ဘတ်ငွေ ၆၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး ပြစ်ဒဏ် ၂  မျိုးလုံးလည်း ချမှတ်ခံရနိုင်တယ်လို့ ပါရှိပါတယ်။

အလုပ်သမားများယာယီကယ်ဆယ်ရေးစခန်းကို ဥပဒေနဲ့  မညီဘဲ ဆက်လက်အသုံးပြုနေရင်  တရက်ကို ဘတ် ၁၀၀၀၀  ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ ဆိုပါတယ်။

AAC မဟာမိတ်အဖွဲ့ ရုံးခန်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်က ထိုင်းအာဏာပိုင်တွေ လာရောက်စစ်ဆေးပြီး  ရုံးမှာရှိတဲ့သူတွေကို ဒဏ်တပ်ကာ ရုံးကိုလည်း ပိတ်သိမ်းဖို့ ပြောခဲ့ပါတယ်။

AAC မဟာမိတ်အဖွဲ့အနေနဲ့  အခက်အခဲတွေကြားကနေ အလုပ်သမားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက်ခဲ့ကြောင်း အရင်ကလည်း ထိုင်းတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ရုံးခန်း ပိတ်သိမ်းခိုင်းတာရှိပေမဲ့ ညှိနှိုင်းပြီးနားလည်မှုနဲ့ ပြန်ဖွင့်ခဲ့ကြောင်း ဥပဒေအရ  ရုံးဖွင့် ထားတာဟာ တရားမဝင်ဖြစ်ပေမဲ့  လူ့အခွင့်အရေးရှုထောင့် အရဆိုရင်  ရုံးကို ဖွင့်လှစ်ခွင့် ပြုသင့်တယ်လို့  AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013