DVB Logo
Home
နိုင်ငံတကာ
ပြန်ပေးဆွဲထားသည့် နိုင်ငံသားများကို ပြန်လွှတ်ပေးရန် အယ်လ်ဆာဗေဒိုကို ဗင်နီဇွဲလားသမ္မတ တောင်းဆို 
DVB
·
April 22, 2025
ပြန်ပေးဆွဲထားသည့် နိုင်ငံသားများကို ပြန်လွှတ်ပေးရန် အယ်လ်ဆာဗေဒိုကို ဗင်နီဇွဲလားသမ္မတ တောင်းဆို 
Donate to DVB

အယ်လ်ဆာဗေဒိုသမ္မတ နာယစ်ဘ် ဘူကီလီက အကျဉ်းသားတွေ လဲလှယ်ဖို့ အဆိုပြုပြီးနောက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ဗဟိုအမေရိကနိုင်ငံရှိ လုံခြုံရေးမြင့် အကျဉ်းထောင်ကြီးထဲမှာ ထိန်းသိမ်းခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၂၅၂ ယောက်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အယ်လ်ဆာဗေဒိုသမ္မတကို ဧပြီ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဘူကီလီဟာ တောင်အမေရိကနိုင်ငံရှိ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အလဲအလှယ်အနေနဲ့ အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၂၅၂ ယောက်ကို သူ့နိုင်ငံ ပြန်ပို့ပေးဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာ အဆိုပြုခဲ့ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ လူငယ်တွေအားလုံးအတွက် အသက်ရှင်ကြောင်း သက်သေပြပေးဖို့နဲ့ လျှို့ဝှက်ဖမ်းဆီးခြင်း နည်းလမ်းကို စွန့်လွှတ်ပေးဖို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက သူ့ရဲ့ အပတ်စဉ် တီဗီရှိုးမှာ အယ်လ်ဆာဗေဒိုသမ္မတ ဘူကီလီကို တောင်းဆိုခဲ့ပါတယ်။

သမ္မတ ဘူကီလီ အနေနဲ့ ဥပဒေနဲ့အညီ လိုက်နာပေးဖို့၊ အမေရိကန် တရားသူကြီးတွေရဲ့ တရားမ၀င် ပြည်နှင်ဒဏ်ခံခဲ့ရတဲ့ ဆာဗေဒိုက ရွှေ့ပြောင်းနေထိုင်သူတွေကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့အပြင် သူတို့တွေ ဘယ်နေရာမှာ ဘာရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့လို့ ဘာပြစ်မှုတွေနဲ့ စွဲဆိုခံရတယ် ဆိုတာတွေကို မေးမြန်းထားတဲ့ ဗင်နီဇွဲလားသမ္မတနိုင်ငံ ရှေ့နေချုပ်ရဲ့ မေးခွန်းလွှာကို ဖြေဆိုပေးဖို့နဲ့ သူတို့ကို ဖမ်းဆီးထားရာ အကျဉ်းထောင်ကို သူတို့ရဲ့ရှေ့နေတွေနဲ့ မိသားစုတွေ သွားရောက်ကြည့်ရှုခွင့် ပြုပေးဖို့တွေလည်း မာဒူရိုက ပြောပါတယ်။

အယ်လ်ဆာဗေဒိုမှာ ထိန်းသိမ်းခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ ရှေ့နေတွေနဲ့ ဆွေမျိုးအများအပြားက သူတို့ဟာ ဂိုဏ်းဝင်တွေ မဟုတ်ကြကြောင်း အခိုင်အမာ ပြောဆိုကြပြီး သူတို့ဟာ လုပ်ငန်းစဉ်ကြောင့် ငြင်းဆိုခံရကြတယ်လို့ ဆိုပါတယ်‌။

စနေနေ့တုန်းက အမေရိကန်တရားရုံးချုပ်ဟာ ထရမ့်ပ်အစိုးရက အလားတူအဖွဲ့ကို ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီတားမြစ်ခဲ့ပါတယ်။

အယ်လ်ဆာဗေဒိုသမ္မတ ဘူကီလီက ဗင်နီဇွဲလားမှာ ထိန်းသိမ်းခံထားရသူတွေကို နိုင်ငံရေး အကျဉ်းသားတွေလို့ ခေါ်ဆိုခဲ့ပေမဲ့ ဗင်နီဇွဲလားအစိုးရကတော့ လူတွေကို နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထားတယ် ဆိုတာကို တစိုက်မတ်မတ် ငြင်းဆိုထားပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံအဖွဲ့ဝင်တွေဟာ နိုင်ငံကို တိုက်ခိုက်ဖို့ စီစဉ်နေတာလို့ များသောအားဖြင့် သက်သေမပြဘဲ ငြင်းခုံနေခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရှေ့နေတွေကတော့ ဘူကီလီက ဖော်ပြထားတဲ့ စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့ဟာ ပုဂ္ဂလိက ခုခံကာကွယ်မှု အားနည်းပြီး သူတို့ရဲ့ တရားရုံးကြားနာမှုတွေမှာ နှောင့်နှေးမှုတွေ ကြုံတွေ့နေရကြောင်း အစီရင်ခံ တင်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013