
ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဗိုလ်လုပွဲတပွဲလို ကစားကြဖို့ မန်စီးတီးအသင်းသားတွေကို နည်းပြဂွါဒီယိုလာက တိုက်တွန်းသွားပါတယ်။
မန်စီးတီးဟာ လက်ကျန် ၅ ပွဲအလိုမှာ အဆင့် ၅ နေရာ မှာရပ်တည်နေပြီး အဆင့် ၇ နေရာက ဗီလာနဲ့ ရမှတ်တစ်မှတ်သာ ကွာဟနေတာပါ။
ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၃ နေရာအတွက် ၅ သင်းအပြိုင်လုရမှာဖြစ်ပြီး တသင်းနဲ့ တသင်းကြားမှာ အမှတ်ကွာဟချက် ၁ မှတ်ကနေ ၂ မှတ်အထိပဲ ရှိတာကြောင့် အသင်းအားလုံးအတွက် အမှားမခံတဲ့ အခြေအနေပါ။
နည်းပြဂွါဒီယိုလာကတော့ ဗီလာအသင်းက ခံစစ်ကစားသည်ဖြစ်စေ၊ တိုက်စစ်ကစားသည်ဖြစ်စေ ကောင်းမွန်တဲ့ကစားသမားအရင်းအမြစ်တွေရှိနေလို့ ဗိုလ်လုပွဲတပွဲလို အာရုံစိုက်ကစားဖို့ သူ့ရဲ့ အသင်းသားတွေကို တိုက်တွန်းခဲ့တာပါ။
မန်စီးတီးပရိသတ်တွေအနေနဲ့လည်း ပွဲချိန်တစ်မိနစ်ကနေစတင်ပြီး အသင်းကို အင်တိုက် အားတိုက် အားပေးကြဖို့လည်း နည်းပြဂွါဒီယိုလာက တောင်းဆိုသွားပါတယ်။
Photo;Reuters