
အစ်ဆွစ်အသင်းနဲ့ ပွဲမှာ ဘူကာရိုဆာကို ကြမ်းတမ်းစွာဖျက်ထုတ်မှုက အလွန်အန္တရာယ်ရှိကြောင်း နည်းပြ အာတေတာက ဝေဖန်သွားပါတယ်။
ဆာကာဟာ ပွဲချိန် ၃၂ မိနစ်မှာ အစ်ဆွစ် နောက်ခံလူ ဒေးဗစ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့ပြီး ကံကောင်းထောက်မမှုကြောင့် ပွဲကိုဆက်လက် ကစားနိုင်ခဲ့တာပါ။
အစ်ဆွစ်နောက်ခံလူ ဒေးဗစ်ကိုလည်း ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။
နည်းပြအာတေတာကတော့ ဆာကာဖျက်ထုတ်ခံရမှုဟာ ပြိုင်ဘက် ကစားသမားဘက်က ရည်ရွယ်ချက်မပါပေမဲ့လည်း အလွန်အန္တရာယ်ရှိကြောင်း၊ ဆာကာအနေနဲ့ နာကျင်မှုဝေဒနာ ခံစားခဲ့ရပေမဲ့ ပြင်းထန်မှုမရှိတဲ့အတွက် ကံကောင်းခဲ့ကြောင်း နည်းပြအာတေတာက ပြော ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ဧပြီ ၃၀ ရက်မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကစားရမှာဖြစ်ပြီး အဓိက ကစားသမားတွေဒဏ်ရာမရဖို့ လိုအပ်နေတာဖြစ် ပါတယ်။
Photo;Reuters