DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက တော်လှန်ရဲဘော်များအကြောင်း “FIGHT DELTA FIGHT"ရုပ်ရှင် မဲဆောက်တွင် ပြသ 
DVB
·
April 20, 2025
ဧရာဝတီတိုင်းက တော်လှန်ရဲဘော်များအကြောင်း “FIGHT DELTA FIGHT"ရုပ်ရှင် မဲဆောက်တွင် ပြသ 
1 / 4
Donate to DVB

ဧရာဝတီတိုင်းက CDM တွေနဲ့ PDF တွေအကြောင်း ရိုက်ကူးထားတဲ့ " FIGHT DELTA FIGHT" ရုပ်ရှင်ကားပြသပွဲကို နွေဦး‌တော်လှန်ရေးရန်ပုံငွေရှာတဲ့အနေနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဧပြီ ၂၀ ရက် မနက်က ကျင်းပပါတယ်။

FIGHT DELTA FIGHT ရုပ်ရှင်ကားဟာ တော်လှန်ရေးရဲဘော်/ရဲမေတွေ၊ အကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေ၊ ၈၈ မျိုးဆက် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တော်လှန်ရေးရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က တိုင်းပြည်အာဏာမတရားသိမ်းယူပြီးချိန်ကနေ ယနေ့အချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့ ခန္ဓာကိုယ်ကိုစွန့်ကာ ပေးဆပ်တိုက် ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်၊ ရဲမေတွေရဲ့ ခက်ခဲကြမ်းတမ်းပေမဲ့ ယုံကြည်ချက်အပြည့်နဲ့ ‌ရှေ့ဆက်လှမ်းနေကြပုံတွေကို ပုံဖော် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013