DVB Logo
Home
နိုင်ငံတကာ
ဘဏ်သပိတ်ကြောင့် မာလီတွင် ငွေကြေးဝန်ဆောင်မှုများ ရပ်ဆိုင်း
DVB
·
April 19, 2025
ဘဏ်သပိတ်ကြောင့် မာလီတွင် ငွေကြေးဝန်ဆောင်မှုများ ရပ်ဆိုင်း
Donate to DVB

မာလီနိုင်ငံရဲ့ ဘဏ်တွေ၊ အာမခံလုပ်ငန်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမျိုးသားသမဂ္ဂ (SYNABEF) က လုပ်သားတွေ ဆန္ဒပြနေတာကြောင့် ဧပြီ ၁၇ ရက် ကြာသပတေးနေ့မှာ မာလီနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍ ရပ်တန့်သွားခဲ့ပါတယ်။ 

သမဂ္ဂအဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေရရှိရေး တောင်းဆိုမှုတွေအပါအဝင် မကျေနပ်ချက်များစွာအတွက် ၇၂ နာရီကြာ သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ဘဏ်တွေ၊ အာမခံလုပ်ငန်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ အသေးစားငွေချေးလုပ်ငန်းတွေနဲ့ ရေနံကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေပါဝင်တဲ့ (SYNABEF) သမဂ္ဂဟာ အစိုးရနဲ့ ညှိနှိုင်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်မှာ သပိတ်မှောက်ကြဖို့ ဆော်ဩတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

ငွေကြေးအလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင် အများအပြားကို လွှတ်ပေးရေးအပါအဝင် တောင်းဆိုချက်တွေကို ဖြည့်ဆည်းမပေးရင် သပိတ်ကို ဧပြီ ၂၂ ရက်နေ့ကနေ နာရီ ၁၂၀ အထိ သက်တမ်းတိုးမယ်လို့ SYNABEF က ခြိမ်းခြောက်ခဲ့ပါတယ်။ 

နိုင်ငံတဝန်းမှာ ဘဏ်လုပ်ငန်း၊ အာမခံနဲ့ ရေနံကဏ္ဍဆိုင်ရာ လုပ်ငန်းတွေဟာ ဘာဝန်ဆောင်မှုမှ မပေးဘဲ ရပ်ဆိုင်းထားတာပါ။ 

ဘာမာကိုမြို့ခံ မိုဟာမဒ် တိုရီက “ဘဏ်တွေရဲ့ အကြီးအကဲတွေက အစိုးရ သို့မဟုတ် အဖွဲ့အစည်းတခုခုနဲ့ ပြဿနာတွေရှိတယ် ဆိုရင် ဒါက ပြည်သူတွေနဲ့ မသက်ဆိုင်ပါဘူး။ ဘဏ်တွေပေါ်မှာ ပြည်သူတွေထားတဲ့ ယုံကြည်မှုကိုတော့ ထိန်းသိမ်းထားသင့်ပြီး လက်လွတ်စပယ် ဘဏ်တွေ ပိတ်လိုက်တာကတော့ တာဝန်မဲ့ပါတယ်” လို့ ပြောပါတယ်။ 

အစိုးရကတော့ သပိတ်မှောက်မှုအပေါ် လူသိရှင်ကြား တုံ့ပြန်ခြင်းမရှိသေးဘဲ ၂၀၂၀ ပြည့်နှစ်မှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးစိုးရိမ်မှုနဲ့ စီးပွားရေးစိန်ခေါ်တာတွေ ရှိနေတဲ့ မာလီနိုင်ငံမှာ ယိုင်နဲ့နဲ့ လူမှုစီးပွားအခြေအနေတွေအကြား ဘဏ္ဍာရေးဆိုင်ရာ သမဂ္ဂရဲ့ လှုပ်ရှားမှုပေါ်လာတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013