DVB Logo
Home
မြန်မာသတင်း
မင်းတပ်တွင် စစ်တပ်ထောင်ခဲ့သည့် မိုင်းအလုံး ၂,၀၀၀ ခန့် ရှင်းလင်းပြီး၊ နေရာ ၂၀ ခန့် ကျန်သေး
DVB
·
April 18, 2025
မင်းတပ်တွင် စစ်တပ်ထောင်ခဲ့သည့် မိုင်းအလုံး ၂,၀၀၀ ခန့် ရှင်းလင်းပြီး၊ နေရာ ၂၀ ခန့် ကျန်သေး
1 / 6
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းအလုံး ၂,၀၀၀ ထက်မနည်းကို ရှင်းလင်းခဲ့ပြီးဖြစ်ပေမဲ့ နောက်ထပ်နေရာ ၂၀ ကျော်မှာ မိုင်းတွေကျန်နိုင်သေးသလို တချို့နေရာတွေက အန္တရာယ်များတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းတွေကို ဆက်ရှင်းလင်းနေသလို မရှင်းနိုင်သေးတဲ့ နေရာတချို့ရှိပြီး အဲဒီနေရာတွေမှာ အသိပေး၊ သတိပေးစာတန်းတွေနဲ့ ရေးသားသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့တွင်းနဲ့ အနီးတဝိုက်က ဘောင်ထဲကျေးရွာ ရေသန့်စင်စက်သွားရာလမ်းတလျှောက်နဲ့ ရေသန့်စက်အနီးတဝိုက်၊ ဘောင်ထဲရွာ သင်္ချိုင်းမရောက်မီ ဖြတ်လမ်း၊ တောလမ်းတွေ၊ ဘောင်ထဲကျေးရွာသွားလမ်းညာဘက် လူငယ်ဂေဟာအနောက်ဘက်တောလမ်း၊  ဦးဝမ္မသူးမောင်း ပန်းခြံတဝိုက်၊ စစ်ကောင်စီအထိုင်ချခဲ့တဲ့ မြို့အဝင်ဂိတ်နားတဝိုက်၊ မြို့ဝင်မီးသတ်ကုန်းတဝိုက်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးဝန်း၊ အ.ထ.က ၂ နဲ့ တာဝါတိုင်ကုန်းကြားနေရာတွေ၊ စီမံကိန်းရုံး မျက်နှာချင်းဆိုင်နေအိမ်တွေရဲ့ နောက်ဖေးခြံဝန်းတွေ၊  တတိယမြို့ပတ်လမ်းက ဟုန်းမိသားစု ဟိုတယ်အနီး ဦးထန်းယောအိမ်နောက်ဖေး ခြံဝင်းတဝိုက်နဲ့ လှေးကောင်းလမ်းခွဲအောက် ဖြတ်လမ်းက သင်္ချိုင်းဇရပ်အနီးတဝိုက်တို့မှာ မြေမြှုပ်မိုင်းနည်းနည်းကျန်နိုင်တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းတွေ ကျန်ရှိနေသေးတဲ့နေရာတွေကတော့ ဆည်မြောင်းရုံးအပေါ်ဘက် စေတီငယ်ဝန်းကျင်ကစလို့ မြလေးပွင့်စေတီတောင်ကြောတလျှောက်၊ ၂၇၄ ခြံစည်းရိုး အောက်ပိုင်းနဲ့ မင်းတပ် - မတူပီလမ်းအပေါ်ဘက် ကြားနေရာတလျှောက်၊ တောင်ပုလုကျောင်းအဝင်ဝ ခလရ ၂၇၄ ဂိတ်ရှေ့ဝန်းကျင်ကနေ မင်းတပ် - မတူပီလမ်းအထိ ဘောလုံးကွင်းငယ်တွေတဝိုက်၊ ဆည်မြောင်းရုံးနဲ့ Grace ဘုရားကျောင်းဝန်းကျင်ကနေ နတလ ၁၊ အိမ်တွင်းမှုကျောင်းနဲ့ မြလေးပွင့် ဘုရားကုန်းတောင်ကြောတလျှောက်၊ ပန်းအော့လမ်းခွဲဝန်းကျင်ကနေ ၃ မိုင် ၅ ဖာလုံ ချောက်တော်ရွာ စာသင်ကျောင်းဝင်းတဝိုက်၊ ၄ မိုင်ကုန်းအနီးဝန်းကျင်၊ ၄ မိုင်ဘုန်းကြီးကျောင်းအပေါ်ဘက် တက္ကသိုလ်ကုန်းဝဲယာ တောင်ကြောတလျှောက်ကနေ ၁၄ မိုင်အထိ၊ ၄ မိုင်ကုန်းဘုန်းကြီးကျောင်းကနေ မင်းတပ် - မတူပီ ကားလမ်းအပေါ်ဘက်တလျှောက် ၆ မိုင်ဘုန်းကြီးကျောင်းအထိမှာတော့ မိုင်းတွေ တော်တော်ကျန်နိုင်ပြီး ခရိုင်မီးသတ်ကုန်းနဲ့ တက္ကသိုလ်ကုန်းအကြား၊  မြလေးပွင့်ရပ်တော်မူ ဘုရားကုန်း အောက်ဘက်နဲ့ မင်းတပ် - ကန်ပက်လက်လမ်းအပေါ်ဘက်ကြား ထင်းရှူးတောကနေ ပန်းအော့ရွာ လမ်းခွဲအထိ တောအုပ်တလျှောက်လုံးနေရာတွေကတော့ အန္တရာယ်များတယ်လို့ ထုတ်ပြန်ထားပါတယ်။ 
အဲဒီနေရာတွေကို လတ်တလောမှာ မသွားကြဖို့၊ ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီလက်ကျန်မိုင်း၊ ပေါက်ကွဲတတ်တဲ့ဝတ္ထုပစ္စည်းတွေတွေ့ရင် ထိတွေ့ကိုင်တွယ်တာ လုံးဝမလုပ်ဖို့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်ဆီကိုဖြစ်ဖြစ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကိုဖြစ်ဖြစ် ချက်ချင်းသတင်းပေးပို့ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကလည်း စစ်ကောင်စီက မင်းတပ်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အစိုးရရုံးအဆောက်အဦတခု၊ ဝန်ထမ်းအိမ်ရာ ၂ လုံးနဲ့ ပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ 
Photo - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013