DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးသင့် အိမ်ထောင်စုများအတွက် ကျပ်သန်း ၂,၃၀၀ ကျော် NUG ထောက်ပံ့ထား
DVB
·
April 17, 2025
ငလျင်ဘေးသင့် အိမ်ထောင်စုများအတွက် ကျပ်သန်း ၂,၃၀၀ ကျော် NUG ထောက်ပံ့ထား
Donate to DVB

မြို့နယ် ၄၀ ကျော်က ငလျင်ဘေးသင့်အိမ်ထောင်စုတွေအတွက် ကျပ်သန်းပေါင်း ၂,၃၀၀ ကျော် ထောက်ပံ့နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဆီက သိရပါတယ်။

ဧပြီ ၁၅ ရက်အထိ စာရင်းတွေအရ ပဲခူးတိုင်းက ၇ မြို့နယ်၊ မန္တလေးတိုင်းက မြို့နယ် ၂၀ မြို့နယ်၊ နေပြည်တော်က ၆ မြို့နယ်၊ စစ်ကိုင်းတိုင်း ၈ မြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ၂ မြို့နယ်က အိမ်ထောင်စုပေါင်း ၉,၀၂၆ ကို ထောက်ပံ့နေတာလို့ ဆိုပါတယ်။

ငလျင်ဘေးတုံ့ပြန်ဖို့အတွက် အလှူငွေ ကျပ်သန်းပေါင်း ၃,၃၀၀ ကျော်ရရှိထားပြီး ထောက်ပံ့ဖို့ စီစဉ်နေတာနဲ့ ထောက်ပံ့ထားပြီးတာက ကျပ်သန်းပေါင်း ၂,၃၃၀ ကျော်ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က “လူသားစာနာကဏ္ဍ ဘေးသင့်ပြည်သူတွေကို ကူညီတဲ့ပမာဏ ဖြစ်ပါတယ်။ တခြား ကျန်းမာရေးတို့ စာသင်ကျောင်းတွေပြင်တဲ့ကိစ္စတို့ အဲဒီလိုတွေက သက်ဆိုင်ရာဝန်ကြီးဌာနတွေက၊ ဥပမာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဆိုရင် ဆောက်လုပ်ရေးကိုပါ တွဲကိုင်ထားတော့ လမ်းတံတားတွေပြင်တဲ့ ကိစ္စဆိုရင် သူတို့ဘက်က လုပ်ဖို့တွေရှိတယ်။ နောက် စိုက် မွေး ကဏ္ဍနဲ့ ဆက်စပ်တာဆိုရင်လည်း စိုက်မွေးနဲ့ ဆက်စပ်တဲ့ဌာနတွေက လုပ်မှာပေါ့” လို့ ပြောပါတယ်။

စာရင်းတွေအရ လက်ရှိအချိန်အထိ မန္တလေးတိုင်းထဲမှာ အိမ်ထောင်စုပေါင်း ၆,၀၀၀ လောက်ကို ထောက်ပံ့ထားနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အိမ်ထောင်စုပေါင်း ၁,၅၀၀ လောက်ကို ထောက်ပံ့ထားနိုင်တာ တွေ့ရပါတယ်။

နောက်ထပ်လည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (EOCC) ရန်ပုံငွေကနေ ထောက်ပံ့တာရှိသေးတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ မတ်လထဲမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက်အပါအဝင် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေ စတာတွေအတွက်  ငွေကျပ် သန်း ၅၅၀ ကျော် ထောက်ပံ့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013